Part 50 (Uni+Zawgyi) Extra 5

2.5K 63 11
                                    

Uni

"အာ ..သား​လေး !!!
ဒယ်ဒီဘယ်သွားလဲ "

ကိုကို့အလုပ်ခန်းထဲကို ​နေ့လည်စာ ထမင်းစားဖို့ မိုးစက်​ရောက်လာခဲ့၏။ သားကို လမင်းက ထိမ်း​နေပြီး ကိုကို့ကို မ​တွေ့ရပါ ။  မိုးစက်လည်းသားကိုချီလိုက်ပြီး လမင်းကို ထမင်းသွားစားခိုင်းရ၏။ သူက​တော့ သား​လေး အတွက် ဖြည့်စွက်စာ အပါအဝင် နို့ဗူးကို တိုက်​နေလိုက်၏။ အခုဆို သားက ၆လရှိပြီမို့ ပြုံးတတ် ၊ ရယ်တတ်ပြီး အရမ်းချစ်ဖို့​ကောင်းတဲ့ဝဝတစ်တစ်​လေးဖြစ်​နေပါပြီ။ ဝတာလည်း မ​ပြောနဲ့​လေ သူ့ဒယ်ဒီက သားအတွက် အမျိုးစုံ ​ဖြည့်စွက်စာ ​ကျွေး​နေ​တော့ပါ ။ ဒီ​နေ့လည်း ​ရွှေဖရုံသီးရယ် ၊ ခါကြက်ဥရယ် ၊ ပဲရယ် ၊ ငါးရယ် ၊ ပုစွန်ရယ် ​ပေါင်းပြီး blender နဲ့ ​ချေထားတာပါ ။ စားခါနီးမှ microwave ထဲထည့်ပြီး​နွှေးကာ ​ကျွေးပါ၏။သူ့ဒယ်ဒီအပြုအစု​ကြောင့်သားက ကိုကို့ကို ပိုခင်တွယ်၏။

📩ညီ​လေး ထမင်းစားရင် ကိုယ့်ကို ​စောင့်အုန်း 

လမင်း လည်း ပြုံးမိလိုက်၏။  ဆရာ​နေနဲ့ က​လေးထိမ်းဖို့ ကုမ္ပဏီလိုက်တာ ၅ လပြည့်​တော့မှာပါ ။ ထမင်းစားရင် ကို မင်းနဲ့ စား​နေကျပါ ။ ဒီ​နေ့မှ အ​ရေး​ပေါ် အစည်းအ​ဝေးမို့ ကိုမင်း​ကော ဆရာ​နေ​ကော အစည်းအ​ဝေးခန်းထဲမှာပါ ။ သူ့ကို​တောင် ထမင်းစား​စောင့်ဖို့​ပြော​နေတဲ့ လူကြီးကို game ​စော့ရင်း ​စောင့်​နေလိုက်၏။ တစ်မနက်လုံး တစ်တစ်​လေးကို ထိမ်းထားတာမို့ ဖုန်းကို ထုတ်မကြည့်ရ​သေးတာပါ ။ ဖုန်းထုတ်ကြည့်လိုက်​တော့ ကိုမင်း က viber က​နေ စကား​တွေ လှမ်း​ပြော​နေ​တော့သည်။

"ကျ​နော် အားလုံးကို ​ပြောချင်တာက​တော့ တစ်နိုင်ငံလုံး ​ဆေးရုံ​တွေမှာတင်ဒါ ​တွေ ဝင်ပြိုင်ဖို့ ရုံးခွဲ​တွေကို စာပို့ပါ
​​စျေးကို အသက်သာဆုံး ထားပြီးယှဥ်ပြိုင်ပါ "

"ဟုတ်ကဲ့ ပါ ဆရာ​နေ
ဆိပ်ကမ်း​က​နေရောက်လာတဲ့ ​​ဆေး​တွေကို "

"ဆရာတို့ group ဖွဲ့ပြီးအ​သေးစိတ်စစ်ပါ
တင်ဒါ ကို အချိန်မှီ​ပေးနိုင်ဖို့  ​ဆေး​တွေ ပစ္စည်း​တွေမပြတ်​အောင်ထားပါ "

You've reached the end of published parts.

⏰ Last updated: Jul 15, 2023 ⏰

Add this story to your Library to get notified about new parts!

A Chit Lay (ACL) [Completed]Where stories live. Discover now