Part 23(Uni+Zawgyi)

2.4K 110 8
                                    

Uni

"ဒုန်း ...ခလွမ်း !!!
မိုးစက် ငါ​ပြော​နေတယ်​လေ "

"ကိုကိုက က​လေး ​ပြောတာမှ လက်မခံတာ "

မိုးစက်နဲ့ကိုကိုမနက်အလုပ်သွားဖို့ပြင်ဆင်​နေချိန်တွင်တိုက်ပွဲဖြစ်​​နေကြသည်။ အသင်္ချေကလည်းဒီတစ်ခါ​တော့အ​ချော့​ပေးဖို့မရှိပါ။

မိုးစက်ယောက္ဖရဲ့ညီကိုနိုင်ကရန်ကုန်ကိုအလုပ် ကိစ္စနဲ့ လာမှာမို့မိုးစက်အိမ်မှာတစ်ပတ်လောက်တည်းဖို့မမကဖုန်းဆက်ထားသည်။ ကိုကို့ကို ဒီမနက်အသိ​​ပေး လိုက်​တော့ပေါက်ကွဲ​တော့တာ​ပေါ့။ကို ကိုကမန်း​လေးမှာထဲကကိုနိုင့်ကိုကြည့်မရတာပါ။ သူ့အိမ်မှာ လာတည်းခိုင်းလိုက်ဆိုတာကြည့်​ပြော​နေသည်။ မိုးစက်က ကိုကိုလည်းသူ့အိမ်လိုက်​နေဆို​တော့လည်းမဟုတ်ရပြန်ဘူး။ ကိုကိုတမင်သက်သက်သဝန်တို​နေတာမို့မိုးစက်​ဒေါသလာရသည်။သူ့ဘဝမှာအချစ်ဆိုတာ ကိုကို နဲ့ပဲအစ​ကောအဆုံး​ကောအလယ်​ ကော အားလုံးပါပဲ။ အခြားတစ်​ယောက်ကို ချစ်ဖို့မ​ပြောနဲ့ ကိုကို့ကိုတောင်ချစ်လို့မဝခဲ့တာအခုထိပါ။အခုလိုကိုကို ကပစ္စည်း​တွေ ​ရိုက်ခွဲ​နေ​တော့ မိုးစက်ရဲ့ကိုယ်ကျင့်တရားကိုထိပါးသလို ဖြစ်​နေပြီ​လေ။

"မိုးစက် ငါမဆူချင်ဘူး​နော်
ငါက မသွားဆို မသွားနဲ့ "

"ဆရာ​နေ ဘာဖြစ်​နေတာလဲ
ကျ​နော်ကို အထင်​သေးတယ်​နော် "

"မင်းကို အထင်​သေးလို့ မဟုတ်ဘူး
ဟိုအ​ကောင့်မျက်နှာ​ပေးကို မန်း​လေးမှာထဲက ကြည့်မရတာ "

မိုးစက်ကိုကို့ရဲ့ပေါက်ကွဲသံဇဥ်​တွေကိုမကြားချင်​ တော့တာမို့အိတ်ထဲကို သူလို အပ်တာ​တွေထည့်ပြီးအပြင်ထွက်ဖို့ပြင်လိုက်ရသည်။ ဆက်​နေရင် ကိုကိုကသူ​တောင်ရိုက်သတ်​လောက်သည်။ ​ဒေါ သထွက်​ နေတာကတော့ကြောက်စရာတောင်​ ကောင်းလောက်သည်။ လက်မှာလည်း ​သွေး​တွေနဲ့ နံရံကို လက်သီးနဲ့ထိုးထားပြန်တာ​လေ။ အရင်ကဆိုကိုကို ဒီ​လောက်ဖြစ်နေရင်မိုးစက် အ​​လျော့​ပေးမိမှာပါ။ဒါ​ပေမယ့်မိုးစက်ကိုဟိုလူနဲ့သဝန်တို ဒီလူနဲ့သဝန်တို​နေ​တာ​ကတော့အဆင်​ပြေမ​နေဘူး​ လေ။ ကြာရင်မိုးစက်ကကမ္ဘာအပြင်ဘက်​ရောက်သွားလိမ့်မယ်။ ကိုကိုက ချစ်ကြီးသလို အမြတ်လည်းကြီးသည်။ဒီတစ်ခါ​တော့မိုးစက်လည်းကိုကို့ ကို အ​ချော့​ပေးဖို့ဆန္ဒမရှိပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now