Part 49 (Uni+Zawgyi) Extra 4

1.4K 51 8
                                    

Uni

""ဦး​နေအသင်္ချေ +ဦးမိုးစက်ခွန်
တို့၏သား ​မောင်​နေအလင်္ကာ (ခ ) တစ်တစ်ရဲ့ နာမည်​ပေးကင်ပွန်းတပ် မင်္ဂလာ """

အသင်္ချေရဲ့သား​လေးက ၁လ ပြည့်​မွေး​နေ့နဲ့အတူ အမည်​ပေးကင်ပွန်းတပ်ပွဲ​လေးကို စည်ကားစွာ အိမ်မှာ ကျင်းပဖြစ်၏။ မိသားစု စုံစုံ လင်လင် ဖြင့် သား​လေး ​မွေးကထဲက ​ရောက်​နေကြတဲ့ တီကြီး၊တီ​လေးတို့လည်း မပြန်ခင် သား​လေး​မွေး​နေ့ပွဲကျင်းပဖြစ်၏။ က​လေးကလည်း ​သား​လေး​မွေးပြီးထဲက အခု မှ အရင်လို ပြန်ဖြစ်လာတာပါ ။ သားအိမ်လည်း ထုတ်လိုက်ရ​တော့ အ​တော်ကို ကျန်းမာ ​ရေး ဂရုစိုက်လိုက်ရတာပါ ။ သူ့အတွက် အခက်ခဲဆုံး နဲ့အပင်ပန်းဆုံးအချိန်​တွေပါပဲ ။ သားကို ကြည့်လိုက်သား​လေး ပါပါးကိုကြည့်လိုက်နဲ့ မအိပ်ရတဲ့ရက်​တွေအများကြီးပါ ။ special nurse ​တွေ ရှိ​ပေမယ့် သူပဲဂရုစိုက်ချင်တဲ့ ​လောဘ​ကြောင့် ​ဆေးရုံဆင်းပြီး အိပ်ပြန်​ရောက်လာထဲက အတတ်နိုင်ဆုံး သားကို​ကော၊ က​လေးကို​ကော သူပဲ ပြုစု​ပေးခဲ့တာပါ ။

"ကိုကို !!
ဒါ​လေးဝတ်"

"ပြွတ်စ်!! အိပ်​ရေး​ကော ဝလား က​လေး​လေး"

"က​လေးက​မေးရမှာ သားနဲ့ က​လေးကို ကြည့်​နေရတာမို့ ကိုကို မအိပ်ရ​သေးဘူးမို့လား"

"အိပ်ဖို့မလိုဘူး
ကိုကို့အသဲအသက်​တွေ ​ဘေးမှာ ရှိရင် ပြည့်စုံပြီ "

"ချစ်တယ် ​ယောကျာ်း "

မိုးစက် တကယ်ကို ကိုကို့ကို အရင်ကထက် ပိုချစ်လာခဲ့သလို ဆုံးရှုံးရမှာလည်း​​ကြောက်လာမိ၏။ ကိုကိုက သူနဲ့ သားအ​ပေါ်တကယ့် တာဝန်​ကျေတဲ့သူပါ ။ သားကို ​မွေးစထဲက နို့မှုန့်တိုက်ရတာမို့ အရမ်း​တွေ အလုပ်ရှုပ်တာ​တောင် ကိုကိုကတချက်မငြီးညူပါ ။ နို့မှုန့်ဆိုလည်း local ​တွေ တစ်ခုမှမတိုက်ဘဲ branded ​တွေသာ နိုင်ငံခြားက မှာတိုက်၏။ ကျန်း မာ​ရေးဝန်ထမ်းပီပီ သား​လေးနို့မှုန့်ဗူး​တွေလည်းပေါင်းပြီးပိုးသတ်ပြီးမှတိုက်သည် ။ သားကို မချီခင် လက်ကို အရင်​ဆေးခိုင်းတာ ကိုကို့စတိုလ်ပါ ။ သူ့သားက သူ့အသက်မို့ မိုးစက်ကို​တောင် သားနဲ့ ပါတ်သက်ရင် လက်မ​ဆေးဘဲမချီခိုင်းပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now