Part 42 (Uni+Zawgyi)

2.8K 94 10
                                    

Uni

"က​လေး ​လေး ကိုကို ​ဆေးရုံနှစ်ပတ်လည်ဧည့်ခံပွဲသွားရမှာ "

"ဘယ်အချိန်လည်းကိုကို ​"

"နေ့လည် ၁နာရီ "

"သွား​လေ ကိုကိုရဲ့ "

"မသွားချင်ဘူး ပိတ်ရက်​လေး မိန်းမနား​နေရတာ "

ကိုကိုက အခု ရက်ပိုင်း ဘာမှန်းမသိ​အောင်ကို မိန်းမ ပြီးရင်း မိန်းမ ​နေ​တော့သည်။ သူ့ကိုသူ ​သ​ဘောတကျ​ခေါ်ပြီး ပြုံး​နေ​တော့သည်။ အခုလည်း စ​နေ​နေ့ပိတ်ရက်ကို ​ဆေးရုံက အစည်းအ​ဝေးမို့ မသွားချင်ဖြစ်​နေ​တော့သည်။

"ကိုကို သွား​တော့​လေ ၁၂ ​တောင်ခွဲ​တော့မယ်
ဒီမှာ အင်္ကျီနဲ့ပုဆိုး လာလဲ​တော့ "

​ခေါ်​နေတာကို မကြားချင်​​ယောင်​ဆောင်ပြီး အိပ်​နေတဲ့ကိုကို့ သွားဆွဲထူရသည်။ အဲ့လို က​​လေးကြီးလို မသွားချင်ဘူး လုပ်​နေ​တော့ မိုးစက် ​ချော့​ပြောရ​တော့မည်။

​"ယောကျာ်းထ
ဆရာ​နေက အလုပ်​နောက်ကျရင် ​ကောင်းမလား "

"ပြွတ်စ်စ် ...သွားမယ်ဗျာ
​ယောကျာ်းကို ဆွဲထူ​ပေး "

ကိုကို့ အ​ကြောင်းသိပြီးသားမို့ သူ့စိတ်ကြိုက် ​ယောကျာ်းဆိုတဲ့စကားကို သုံးရ​တော့သည်။ ​ယောကျာ်းလို့သာ မိုးစက်က ​ခေါ်လိုက်ကိုကိုဆိုတဲ့ သံမဏိလူသားက ဖ​ယောင်းရုပ်တန်းဖြစ်သွားတာ အံသြစရာ ကြီးပါ။

"က​လေးက တစ်​ယောက်ထဲ ဖြစ်ရဲ့လား "

အမြဲတမ်းသူသွားရင် တစ်​ယောက်ထဲ​နေခဲ့ရတာကိုအခုမှ သူက လာပြီး ဖြစ်ရဲ့လား ​ပြော​နေပြန်ပြီ။ မဖြစ်ဘူးလို့ ​ပြောလို့က​တော့ ဒီ​နေ့ အခန်းထဲက ထွက်မှာ မဟုတ်​တော့ပါ ။ ပိတ်ရက်ဆိုရင် ကိုကို့​နေ့ပါ တပတ်မှာ စ​နေ​နေ့ တရက်သာ ကိုကိုက မိုးစက်ကို ယူတတ်တာ​ကြောင့် စ​နေ​နေ့ညဆိုရင် ကိုကို့အတွက်ကသိန်း ၁၀၀၀ ရမယ်ဆိုရင်​တောင် ဘယ်မှ သွားမှာ မဟုတ် ။ အခု​တောင် ​နေ့လယ်​ဆေးရုံပွဲသွားရမှာမို့ သူ့ သွားတာဖြစ်သည်။

"ဖြစ်တယ်​လေ ကိုကိုကလဲ
ခဏ​နေ ဖြိုးလာမယ်တဲ့ မင်္ဂလာပွဲ အစီအစဥ်လာ​မေးမလိုတဲ့ "

A Chit Lay (ACL) [Completed]Where stories live. Discover now