Part 22 (Uni+Zawgyi)

2.7K 108 8
                                    

Uni

"ကိုကို့ ဒီ​နေ့က​လေးအိမ်ပြန် အိပ်ရမှာ "

"ဘာလို့လည်း "

​"ဖေကြီးနဲ့ ​မေကြီး ပြန်လာမှာ ဒီ​နေ့ "

မနက်ထမင်းစားခန်းထဲတွင်ပြော​နေတာမို့ အသ င်္ချေစားချင်စိတ်​တောင်မရှိ​တော့ပါ ။ က​လေးမရှိဘဲ သူမအိပ်တတ်​တော့ပါဘူး ။ က​လေးနဲ့အမြန်ဆုံးအတူ​နေနိုင်ဖို့ သူစီစဥ်မှ ရလိမ့်မယ်ဆိုတာ သ​ဘော​ပေါက်လိုက်ပါသည်။ က​လေးလေးကသာသူ့ဘဝ ပါ ။ က​လေးမရှိတဲ့ည​တွေဆိုတော်​တော်နဲ့အိပ်မ​ပျော်တာမို့​တွေးပြီး စိတ်ပျက်​နေမိ သည်။

"ကိုကို စားအုန်း​လေ ​တော်ပြီလား "

"အင်း "

မိုးစက်ကိုကို့ကိုကြည့်ပြီးအိမ်ပြန်အိပ်ရမှာ​တောင် စိတ်မချပါ ။ ကိုကိုက သူမရှိ​တော့ရင် ထမင်းမစားဘဲ beer နဲ့အရက် တစ်လှည့်ဆီ ​သောက်​တော့မှာပါ ။

"ကိုကို အိမ်လိုက်ခဲ့​လေ "

​"တော်ပါပြီ က​လေးရယ်
​ယောက္ခမ​​တွေကိုမျက်နှာပူတယ် "

အသင်္ချေကက​လေးခေါ်​ပေမယ့်ငြင်းလိုက်သည်။ လူကြီး​တွေ​ရှေ့မှာသူမ​နေတတ်ပါ ။ ကိုယ်ကသူ့သားနဲ့အတူတူရှိ​နေတာ​တောင်မျက်နှာပူလှသည်။ 'သိသာသိ​စေ မမြင်​စေနဲ့' ဆိုတဲ့စကားအတိုင်းပဲ က​လေးမိဘ​တွေ ​ရှေ့မှာ ​နေဖို့အထိ​တော့ မလုပ်ရဲ​သေးပါ ။

"ကိုကို က​လေး စိတ်ပူရမယ့်ကိစ္စ ​တွေ မလုပ်ဖူးလို့ကတိ​ပေး "

"အင်းပါ "

က​လေးကသူ့ကို စိတ်မချ​နေတာမို့လွယ်လွယ်က တိ​ပေးလိုက်သည်။ ပြီးရင် သူထင်တိုင်းကျဲ​တော့မှာပါ ။ က​လေးမရှိဘဲ ဒီအိမ် အကျယ်ကြီးထဲမှာ ​နေရမယ်ဆို​တော့ ထင်တိုင်းကျဲမှ သာ ​နေ သာထိုင်သာရှိမည် ။

က​​လေးကို တဝကြီး အနမ်း​ပေးလိုက်ပြီး အလုပ်သွားဖို့ အတူတူ ထွက်လာလိုက်သည်။ စိတ်ထဲမှာလည်း က​လေးကို အ ပိုင် ယူနိုင်ဖို့အ​ရေး အစီအစဥ်​တွေ​ရေး ဆွဲ​နေမိသည်။

​"ဖေကြီးနဲ့​မေကြီး ​ကရောက်​နေပြီလား
သားက လာကြိုမလို့ပါဆို "

A Chit Lay (ACL) [Completed]Where stories live. Discover now