ᴡʏʙᴍ 1

115 17 10
                                    

Uni≈

တစ်ခုသော ညနေခင်းတွင် ဂန်းအိမ်တော်၌ ဆူညံ့သော အသံများဖြင့် ပြည့်နှက်နေလေသည်။

"ဂန်းထယ်ဟျောန်း အခုချက်ချင်း ထွက်မလာသေးဘူးလား"

"မထွက်လာဘူး လာလဲမခေါ်နဲ့ ထမင်းလဲ မစားဘူး"

"သားရယ် ထမင်းတော့စားရမှာပေါ့"

"..."

"ကဲ ငါပြောလိုက်မယ် မင်းပြောရင် မင်းသားက နားထောင်မှာမဟုတ်ဘူး"

"ဂန်းထယ်ဟျောန်း ထွက်လာနော် ငါ သုံးအထိပဲရေမယ်"

ခဏအကြာတော့ တံခါးပွင့်သွားပြီး ဂန်အိမ်တော်ရဲ့ သားငယ်လေး ထွက်လာလေသည်။

"အခုလို ဆန္ဒပြနေတာဖြစ်သင့်ရဲ့လား"

"ကိုယ့်သားကို ယောင်္ကျားပေးစားတာကရော ဖြစ်သင့်တာလား"

"ကောင်းမယ်ထင်လို့ စီစဉ်တာလေ ပြီးတော့ မသိတဲ့သူတွေလဲ မဟုတ်ဘူး အရင်ထဲက စီးပွါးဖက်ဖြစ်လာတဲ့ မိတ်ဆွေတွေ"

"အဲ့တာနဲ့ပဲ သားက လက်ထပ်ပေးရမှာလား"

"သားရယ် အမေတို့လဲ ကတိပေးပြီးသားဖြစ်နေလို့ပါ ပြီးတော့ ဟျူးနင်းက လိမ္မာတဲ့ ကလေးပါ"

"သားမှ လက်မထပ်ချင်တာ သားက အခုမှ ငယ်ငယ်လေးရှိသေးတာကို"

"20ကျော်က ငယ်သေးတာလား"

"အာပါး ဘာသိလို့လဲ ဘဝဆိုတာ 40မှစတာ"

"ပြီးတော့ ကျွန်တော်ကြားဖူးတာ အဲ့ဒီ အမေတို့ပြောတဲ့ ဟျူးနင်းခါအီက ကျွန်တော်အရမ်းမုန်းတဲ့ mint chocolateကို တအားကြိုက်တာ"

"အဲ့တော့ ဟျူးနင်းကို လက်မထပ်နိုင်တာက mint chocolateကြောင့်လား"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ mint chocolateကြိုက်တဲ့သူကို လုံးဝလက်မထပ်နိုင်ဘူး"

"ဂန်းထယ်ဟျောန်း ကလေးဆန်မနေစမ်းနဲ့ အေ ဟျူးနင်းကို လက်မထပ်နိုင်ဘူးဆို အိမ်ပေါ်ကဆင်း ဒါပဲ"

"အာပါး! ကိုယ့်သားကိုတောင် အိမ်ပေါ်က နှင်ချနိုင်တယ်ပေါ့လေ"

"ငါ စကားကို နှစ်ခါမပြောဘူး"

"အိုမား..."

"ဒီတစ်ခါတော့ အိုမားလဲ ကူမပြောပေးနိုင်တော့ဘူး"

ᴡʟʟ ʏᴏᴜ ʙᴇ ᴍɪɴᴇ? || ᴛʏᴜɴɴɪɴɢ [✓]Where stories live. Discover now