"နှင်းပွင့်လေး အဲ့ဒိအလင်းရောင်ရှိတဲ့ဘက်ကိုဦးတည်ပြီးပြေး" လုံချန်နောက်သိ့ု လှည့်ကြည့်လိုက်ချိန်တွင်
ကင်းမှီးကောက်အုပ်ကြီးမှာ သူတို့ နှင့်မီတာသုံးရာခန့်အကွာသို့ရောက်နေပြီကို တွေ့ရသည်။ကင်းမြီးကောက်
များ၏ ပိုင်နက်ဖြစ်သော ဤကန္တာရတွင် နှင်းပွင့်လေး၏ ပြေးနှုန်းသည် များစွာကျဆင်းလျှက်ရှိသည်။သူတို့နှစ်ယောက်မှာ
မုဆိုးများလက်မှ အသက်လုပြေးနေရသော သားကောင်များပမာဖြစ်နေ၏။လုံချန် လက်ကိုဆန့်ထုတ်လိုက်သည်။
ဆေးမီးတောက်သည် သူ့၏ ခန္ဓာကိုယ်တွင် လည်ပတ်နေရာမှ လက်ဖဝါးထဲသို့ မီးလုံးတစ်လုံးအဖြစ်ရောက်လာ၏။

ဤသို့ပြုလုပ်ခြင်းသည် သိုင်းပညာကို အသုံးချခြင်းမဟုတ်။ရိုးရိုးမီးတောက်ကိုအသုံးပြုခြင်းသာဖြစ်သည်။
လုံချန်  ထိုသို့ မီးတောက်ကို သိုင်းပညာကဲ့သို့ အသုံးချခြင်းအား အခြားဆေးပညာရှင်များသာ မြင်ပါမူ
သေချာပေါက်လေးစားကြမည်ဖြစ်၏။သာမာန် ဆေးပညာရှင်များသာ မီးကို ဤကဲ့သို့အသုံးချလျှင်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ဖြစ်ပေမည်။၎င်းတို့အနေဖြင့် အမြူတေ တေဇောကို အသုံးပြုလျှင်
ပင် ဤကဲ့သို့ အသုံးမချနိုင်ကြချေ။

မီးတွင်မျက်စိမရှိ။ဆေးပညာရှင်များအဆက်ဆက် တပည့်များအား ယင်းသို့ သင်ကြားပေးခဲ့ကြလေသည်။
သာမာန် အဆင့်သုံးဆေးပညာရှင်တစ်ယောက်၊တစ်နည်းအားဖြင့် ဆေးဆရာတစ်ဦးသည် နောက်တစ်
ဆင့်သို့ တက်ရန်အတွက် မီးတောက်တစ်မျိုးမျိုးကို ၎င်း၏ ဇီဝတေဇော အဖြစ်သို့ သန့်စင်ထားရန်လို
သည်။

ထိုသို့သန့်စင်ထားသည့်မီးတောက်ကို အမြူတေ တေဇောဟု ခေါ်၏။သည်မီးတောက်သည် ပြင်ပ ရူပ
ခန္ဓာကို သန့်စင်ပေးရန်လိုသည်သာမက အရူပ ခန္ဓာဖြစ်သော ဝိဥာဉ်ကိုပါ သန့်စင်ပေးရန်လိုသည်။
ယင်းသို့ သန့်စင်ရင်းဖြင့် ခန္ဓာနှစ်ပါး ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည့်အခါတွင် ဆေးဘုရင်အဆင့်သို့
တက်လှမ်းနိုင်မည်ဖြစ်သည်။

ဆရာကြီးယွမ်ချီ၊ဝေချိုင်နှင့် ၀မ်လုရန် တို့ သုံးယောက်စလုံးမှာ ဆေးပညာရှင်တွေချည်းသာ ဖြစ်လင့်
ကစား ဆရာကြီးယွမ်ချီတစ်ယောက်တွင်သာ အမြူတေ တေဇောရှိ၏။ယင်းသို့ ဖြစ်ရခြင်းမှာ ဆရာ
ကြီးယွမ်ချီ၏ ပါရမီသည် ၎င်းတို့ထက်ပို၍ ကောင်းခြင်းကြောင့်ဟုတ်ပဲ အနာဂါတ်အတွက် ကြိုတင်ပြင်ထားခဲ့
ခြင်းကြောင့်သာဖြစ်သည်။ဆရာကြီးယွမ်ချီ အနေနှင့် အနာဂါတ်တွင် အထူးကောင်းမွန်းသည့် မီးတောက်
တစ်မျိုးကို ရှာတွေ့ချင်မှ ရှာတွေ့နိုင်မည်ဟု စဉ်းစားထားခဲ့ခြင်းကြောင့် သူ့၏ မီးတောက်ကို အမြူတေ
တေဇောအဖြစ်သို့ အသွင်ပြောင်းထားခဲ့လေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now