အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား

ابدأ من البداية
                                    


အဖေကျန်းသည် ချန်ယွီချန် လဲကျပြီးကတည်းက သူ၏ သူငယ်ချင်းဟောင်းများက အဖေကျန်း ကိုယ်တိုင်မှလွဲပြီး သူ့ကို မပေါင်းသင်းချင်တော့ဘူးဆိုတာ သိခဲ့သည်။


သူသည် ချန်ယွီချန်ကို အရှက်ရသွားအောင် မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် သူနဲ့ သူ့မိန်းမသည် ချန်ယွီချန် ပေးခဲ့‌သော ကျောက်စိမ်းဆွဲသီးကို ဝတ်ဆင်ခဲ့ကြသည်။ သူတို့သည် ၎င်းကို ရက်အနည်းငယ်ကြာအောင် ဝတ်ပြီးမှ ချွတ်ပစ်လိုက်မည်ဟု တွေးခဲ့သည်။


ဒါပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် ကားမတော်တဆမှု ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးတွင် ခြစ်ရာအနည်းငယ်နှင့် သွေးထွက်သံယို အနည်းငယ်မှလွဲ၍ ဘာမှ မဖြစ်ခဲ့ပေ။


ထိုအချိန်တွင် ချန်ယွီချန်သည် ထိုသတင်းကို ကြားသောအခါ အလျင်အမြန် ရောက်လာပြီး ၎င်းသည် ကျောက်စိမ်းဆွဲသီး၏ ကောင်းချီးဖြစ်မည်ဟု ဆို၏။ ထို့ကြောင့် ၂ နှစ်ကြာအောင် မချွတ်သင့်ဘူးလို့ ပြောခဲ့သည်။


ထိုအကြာင်းကို တွေးကြည့်လျှင် သူတို့သည် ဆေးရုံမှ ထွက်လာကတည်းက သူတို့၏ကုမ္ပဏီတွင် ပြဿနာ တစ်ချို့ ရှိခဲ့သည်။ အစပိုင်းမှာတော့ အသေးအဖွဲ အရာများ ဖြစ်ခဲ့သည်။


နောက်ပိုင်းတွင် ကုန်ပစ္စည်းတစ်သုတ်ကို ထိခိုက်စေသည့် ပေးသွင်းသူနှင့် ပြဿနာရှိခဲ့သည်။ ဤအဖြစ်အပျက်သည် ကြိုးတစ်ချောင်းကဲ့သို့ပင် နောက်ထပ် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။


အ‌ဖေကျန်းသည် ဤပြဿနာကို ကိုင်တွယ်ပြီးနောက် နောက်ထပ် ပြဿနာတစ်ခု ထပ်ရောက် လာပြန်သည်။ သူတို့၏ မူလနေရာတွင် လုပ်ငန်းကို စီမံခန့်ခွဲရန် ပို၍ ခက်ခဲလာခဲ့သည်။ အမှာစာအသစ်များ မရရှိတော့ဘဲ၊ သူတို့၏ ဘဏ်ချေးငွေသည်လည်း သက်တမ်းကုန်သွားကာ မကြာမီတွင် ပြန်ဆပ်ရမည်ဖြစ်သည်။


၂ နှစ်ကြာရုံဖြင့် ‌အဖေကျန်းသည် အားကျစရာကောင်းသော စွန့်ဦး တီထွင်သူအဖြစ်ကနေ ဆင်းရဲသားတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီ။ ယခုအချိန်၌ ချန်ယွီချန် ထင်ရှား ကျော်ကြားလာစဉ်တွင်၊ အရင်က သူ့ကိုယ်သူနှင့် နှိုင်းယှဥ်နိုင်လျက်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)حيث تعيش القصص. اكتشف الآن