အပိုင်း(၁၀)U-Z

390 12 1
                                    

(Unicode)
(အပိုင်း၁ နောက် အပိုင်း၂ လွန်ခဲ့တဲ့ နှစ်နှစ်အချိန်ကာလနောက်ကြောင်းပြန်ချင်း ပြီးဆုံး )

အိပ်ယာနိုးလာချိန် ချစ်ရသူကို ရှာမတွေ့ခဲ့တော့တာမို့ အသည်းအသန် လိုက်လံရှာဖွေခဲ့သည် ဘယ်နေရာမှာ မှ ချစ်ရသူရဲ့ အရိပ်အယောင်ကို မမြင်ရတော့ပါ ..

အခုချိန်ဟာ ချင်စစ်တပ်က သူတို့ကို လိုက်ဖမ်းနေတဲ့အချိန်ဖြစ်ပြီး ချင်စစ်တပ်ကလိုချင်နေတဲ့ လူဖြစ်နေတာမို့ ရှာမရတဲ့ ရှစ်ယင် ကြောင့် ရှဲ့ယွင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်သွားသည်။

"သူရဲကောင်းကျောက် ဟုတ်တယ် ရှစ်ယင် တောင်ပေါ်တက်သွားတာဖြစ်မယ် ။

တောင်ပေါ်တစ်နေရာတွင် အဆောက်အဦး ကျောင်းတော်တစ်ခုရှိပြီး ထိုကျောင်းတော်မှာတော့ သူရဲကောင်းကျောက်နဲ့အတူ သိုင်းပညာသင်နေကျသော ကျောင်းသား သိူ့မဟုတ် ကျောက်သူရဲကောင်းရဲ့ တပည့်တွေ ရှိသည် ။

မျှော်လင့်ချက်တွေနဲ့ပဲ တောင်ပေါ်ကို အမြန်ပြေးတက်သွားခဲ့ကာ ... ကျောက်သူရဲကောင်းထံ သွားခဲ့သည် ...

ထိုတောင်ဟာ လူသွားလမ်းမရှိသလို သစ်ပင်ဝါးပင်တွေပေါများပြီး ကြိုးနွယ်ပင်ဆူးပင်များ ပေါများတာမို့ တောင်ပေါ်အား အမြန်ရောက်ချင်ဇောနဲ့ ပြေးတက်သွားတဲ့ ရှဲ့ယင် တစ်ကိုယ်လုံးနီးပါး ဆူးနွယ်တွေ ချိတ်လို့ မျက်နှာမှာလဲ ခြစ်ရာလေးတွေ ရှိနေသည် ...။

တစ်ဖက် တစ်နေရာတွင်တော့ ချင်ပြည်တော်အား ပြန်မယ်လမ်းတွင် အနီရောင် ပုဝါစအပြည့်နဲ့ အလှစင်ထားသော ဝေယာဥ်တော်ဟာ ချင်ပြည်တော်ဘက်ကို ဦးတည်လို့ ချ္တက်နေသည် ... ထိုဝေယာဥ်၏ ရှေ့မှာ အညိုရောင်မြင်းအား စီးနင်ထားသော ဧကရာဇ်ဘာတော့ အပြုံးတို့ဝေဆာကာ ချင်ပြည်တော်အား အအမြန်ရောက်ရင် စိတ်လောနေသည် ။

ဝေယာဥ်တော်ထဲက အနီရောင် ဝတ်ရုံတော်နဲ့ အမျိုးသားဟာ ခေါင်းမှထိုးထားသော အစိမ်းရောင်ကျောက်သတိုးလေးအား ဆံနွယ်ကြားမှဆွဲယူကာ ရင်ခွင်မှာ ဆုပ်ကိုင်ကာ ဖက်ထားသည် .. ထိုအမျိုးသား၏ မျက်ဝန်းတွေထဲက မျက်ရည်ကြည်လေးတွေဟာ မတားမစီးနိုင်လောက်အောင် ပါးပြင်ငယ်ပေါ်ကို စီးကျနေသည် ။

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-ZWhere stories live. Discover now