အပိုင်း(၁၂) U-Z

101 3 1
                                    

(Unicode)
(အနောက်နန်းဆောင် ဟွာကုန်း မယ်တော်မိဘုရားကြီး နန်းဆောင် )

အမျိုးသားမိဘုရား အမျိုးသမီးမိဘုရား များဟာ မယ်တော်ကြီးအား အဖော်ပြုလို့ စကားစမြည်ပြောနေကျသည် ။

"မယ်တော်ကြီး ...

"ချူအာ့ ကူး ကြည့်နေတာမင်းမျက်နှာလဲ မကောင်းဘူး

"ဟင်းးး ... မင်းကြီးအကြောင်းပါ မယ်တော်ကြီး

ချူမိဘုရားဟာ မျက်နှာကို ညိုးငယ်ထားပြီး အဒေါ်လဲဖြစ်တဲ့ မယ်တော်ကြီးအား ချွဲနွဲ့လို့ စကားဆိုသည် ...။

"မင်းကြီးအကြောင်း ဟုတ်သလား ..လီအာ့က ဘာဖြစ်လို့လဲ ချူအာ့ရဲ့

"မယ်တော်ကြီးလဲသိမှာပါ မင်းကြီးအပြင်ကအမျိုးသားတစ်ယောက်ကိုခေါ်သွင်းလာတာကို ..

"ဟို ရန်ပြည်ကဆိုလား ကူးကြားမိပါတယ် ။

"ဟုတ်တယ်မယ်တော်ကြီး မင်းကြီးကခေါ်သွင်းလာထဲက နေ့ရက်တိုင်း ယင်မိဘုရားထံပဲသွားပြီး ကျွန်မတို့ ကျန်မိဘုရားတွေကိုတော့ လှည့်ပင်မကြည့်ပဲ ပြစ်ထားတယ် ။

"လီအာ့က ဒီလိုပဲ လုပ်သလား

"ဟုတ်ပါတယ် ပြီးတော့ အခုဆိုယင်မိဘုရားက နန်းရင်သွေးတောင်လွယ်ထားနေရပြီတဲ့ ကျွန်မ ချူပြည်ကနေလာပြီး မင်းကြီး အိမ်ရှေ့စံဘဝထဲက ခစားလာခဲ့ရတယ် မင်းကြီးဘက်ကနေ ကျွန်မကို တစ်ခါတောင် မျက်နှာသာမပေးခဲ့ဘူး

"ဟုတ်တယ်မယ်တော်မိဘုရားခေါင်ကြီး ကျွန်တော်မျိုးလဲ စူပြည်ကနေ လာပြီးခစားခဲ့တာ မင်းကြီးအိမ်ရှေ့စံဘဝထဲကပါ ချူမမ နဲ့ တစ်နှစ်လောက်သာ နောက်ကျပါတယ် ဒါပေမယ့် ဒီလောက်နှစ်တွေကြာခဲ့ပြီတောင် မင်းကြီးမျက်နှာကို တစ်ခါပင်မမြင်ဖူးခဲ့ပါဘူး ။

"အင်း အင်းး ဟုတ်တာပေါ့ အနောက်နန်းဆောင်မှာ လူတွေများတာမှန်ကန်ပေမယ့် တစ်ဦးတစ်ယောက်ထဲကိုတော့ ကွက်ပြီး မျက်နှာသာပေးတာဟာ ဘက်လိုက်ဆက်ဆံခြင်းနဲ့ အတူတူပဲ ...

"စိတ်ချပါ ချူအာ့ ယွီအာ့ မယ်တော်ကြီး လီအာ့ကို သေချာလေး ဆုံးမလိုက်ပါမယ် ..

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-ZWhere stories live. Discover now