အပိုင်း(၆) U-Z

259 15 1
                                    

(Unicode)

တည်းခိုဆောင်တစ်ခု၏ အခန်းတစ်ခုက ကုတင်ဘေးတွင် သွေးစတွေပေနေတဲ့ အဖြူရောင်အဝတ်စတွေ ပုံလို့ပင် ..။

"ယန့်ရှင်း ဆေးဆရာအခုခေါ်ခဲ့ ချက်ချင်း အမြန်!!!!

မင်းကြီးရဲ့ စိုးရိမ်တကြီးဖြစ်နေကာဒေါသတို့ပါနေသော အသံကြောင့် ယန့်ရှင်းတစ်ယောက် အပြင်ကို အမြန်ထွက်ပြေးကာ ဆေးဆရာကို ရှာတော့သည်...။

ဒ-ားသွားဟာ အဆိပ်ရှိတာမို့ အနည်းငယ်သာ ထိမိပေမယ့် ရှစ်ယင်ကတော့ နှုတ်ခမ်းများ ဖြူဖက်ကာ သတိလစ်မေ့မျောလို့သွားပါသည်..။

ဟုန်ရီဟာ ရှစ်ယင်ကိုယ်ပေါ်က ဝတ်ရုံစတွေကို တစ်လွှာချင်း ခွာချနေသည် .. မျက်ဝန်းတွေကတစ်ဆင့် မြင်နေရတဲ့ စိုးရိမ်စိတ်တွေအပြင် ဝမ်းနည်းသောအရိပ်အယောင်တွေကို မြင်နေရသည် ...။

ဒဏ်ရာနဲ့ ရှစ်ယင်ကို မြင်နေရတဲ့ ဟုန်ရီတစ်ယောက် တစ်ခုခုကိုဆုံးရှုံးလိုက်ရမှာ ကြောက်သလို စိုးရိမ်စိတ်တို့ ကြီးမားနေသည် ...

ဝတ်ရုံစကို အကုန်ချွတ်ပြီးတော့ အဝတ်ဗလာနဲ့ကိုယ်ကို ဆောင်ခြုံပေးလိုက်ပြီး ဒဏ်ရာရှိတဲ့လက်မောင်းကိုတော့ အဖြူရောင်အဝတ်စနဲ့ သန့်ရှင်းရေး လုပ်ပေးနေသည် ...။

"ဒါက

အင်္ကျီချွတ်လိုက်တော့ ပေါ်လွင်စွာမြင်ရတဲ့ ကျောက်စိမ်းပြားအပဲ့လေး မယုံကြည်နိုင်စွာ သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းအပြားအပဲ့လေးကို ရှစ်ယင်လည်ပင်းက ကျောက်စိမ်းပြားလေးနဲ့ ယှဥ်ကြည့်လိုက်တဲ့အခါ စင်တူလေးဖြစ်နေသည် ...။

"သခင်လေး တကယ်သခင်လေးအားယင်ပဲ ...

အားရဝမ်းသာ ပြုံးမိလိုက်သည် သူရှာနေတဲ့ တစ်ဦးတည်းသောလူကို တွေ့ရပြီမို့ ရင်ထဲမှာ အတိုင်းအဆမသိလောက်အောင် ပျော်ရွင်နေသည် ဖြစ်နိုင်ရင်အခုချက်ချင်းပင် ချင်နိုင်ငံ
ကိုခေါ်သွားချင်မိသည် ...။

><

ဝါးပင်တွေပေါများနေတဲ့ တောတွင်းတစ်နေရာတွင် လူနှစ်ယောက်နဲ့ တစ်ယောက်ဟာ တိုက်ခိုက်နေကျသည် ...။

(အမုန္းမွ အခ်စ္တည္သည္)(အမုန်းမှ အချစ်တည်သည်) U-Zحيث تعيش القصص. اكتشف الآن