U/Zအခန်း၃၉

Start from the beginning
                                    

"ဒီကလေးမလေး သနားပါတယ်ဟယ်
...စာရေးဆရာမဖြစ်နေရက်နဲ့ ယူမဲ့ယောက်ျားကပစ်သွားခဲ့ရတယ်လို့..."

"ဟုတ်ရော..ဟုတ်ရဲ့လားဟယ်...ရုပ်ကလေးကသနားကမားနဲ့ဟာကို..."

"ဟယ်...ဟုတ်သမ သိပ်ဟုတ်တော်...ဒေါ်မြဖြူကိုယ်တိုင် သူ့သမီးမင်္ဂလာဆောင်ကျရင်
ကော့သောင်းကို လိုက်ခဲ့ပါဆိုပြီး ဖိတ်ထားတာ
...ကျုပ်ကတော့ ၀မ်းသာလို့ပေါ့တော်...ပြီးလည်းပြီးရော
ကောင်လေးမိဘတွေဘက်က သဘောမတူလို့နေမှာပေါ့အေ...ဒါမှမဟုတ်...သတို့သားကဖောက်ပြန်သလားမှမသိတာ...အရင်ကဆို ကားအကောင်းစားကြီးစီးပြီး သူတို့အိမ်ကို ချောင်းပေါက်မတတ်လာနေတာများ တစ်ရပ်ကွက်လုံးသိတယ်တော်ရေ့...နင်ကသာအခုမှပြောင်းလာလို့မသိတာ..."

"အေးဟယ်...ဒီလိုဆိုပြန်တော့လည်း ကလေးမလေးက သနားစရာလေးပါလား..."

အကြောင်းအရာတစ်ခုကို သေချာမသိပဲဝေဖန်ကြတာလောက် လိပ်ပြာမုန်းတာမရှိဘူး။အမြင်ကပ်လို့ ဝေဖန်တာပဲဖြစ်ဖြစ်၊သနားလို့ဝေဖန်တာပဲဖြစ်ဖြစ် လိပ်ပြာကတော့ အခုချိန်မှာဘယ်လိုစကားလုံးမျိုးကိုမှ မကြားချင်ဘူး။

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ  ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်..."

"ဘုန်း!!!!!..."

ဒါကကိုကိုနဲ့မတွေ့ရတော့တဲ့နေ့ရက်တိုင်းမှာ လိပ်ပြာလုပ်နေကြအလုပ်တစ်ခုပါ။
နေ့တိုင်းကိုကို့ဆီကို ဖုန်းဆက်မိတယ်။
ကိုကိုလာမကိုင်မှန်းလည်း သိသလို လိပ်ပြာရဲ့ဆင်းကဒ်က နိုင်ငံခြားကို ဖုန်းခေါ်လို့မရဘူးဆိုတာလည်း သိတယ်။ဒါပေမဲ့ မျှော်လင့်ချက်နည်းနည်းလေးပဲဆိုရင်တောင် ကိုကိုများလာကိုင်မလားလို့ လိပ်ပြာခေါ်မိတာပါ။
ဖုန်းခေါ်လို့မရတာကြောင့် အီးမေးလ်ပို့ပြန်တော့လည်း နှစ်လနီးပါးလောက် လိပ်ပြာပို့ခဲ့တဲ့ စာတွေသာရှိနေပြီး ကိုကို့ဆီက ပြန်စာရောက်မလာခဲ့ဘူး။

"အဟင့်..ကိုကိုရယ် လုပ်ရပ်လိုက်တာ.."
ကုတင်ပေါ်မှာသာ ခေါင်းကို မှောက်ပြီး ငိုပစ်လိုက်မိပါတယ်။ နာကျင်မှုတွေက ပြင်းထန်လွန်းနေတော့ လိပ်ပြာအတွက် ကုသဖို့စကားလုံးတောင့် ရှာမတွေ့တော့ပါဘူးကိုကိုရယ်။အဝေးကိုထွက်သွားတဲ့ကိုကိုကတော့ အခုချိန်မှာဘယ်လိုများနေမလဲ မသိပေမဲ့ လိပ်ပြာမှာတော့ အသဲနှလုံးတွေကြွေကျရပါတော့မယ်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now