ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၅"အေးကွယ်..သွားလမ်းသာလို့..လာလမ်းဖြောင့်ကြပါစေ...ဒီလင်၊ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နဲ့ နေသွားနိုင်ကြပါစေ...စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး စီးပွားလာဒ်လာဘလည်း ဒီရေအလား..ပွားများနိုင်ပါစေကွယ်..."
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေအဘ..."
ဒီကျွန်းလေးကို စရောက်ခါစအ၀တ်အစားတွေကိုပြန်၀တ်ပြီး ဘကြီးလှစိန်ကိုထိုင်ကန်တော့မိကြသည်။
ဘကြီးလှစိန်ဟာ လိပ်ပြာတို့နှစ် ယောက်ကို
တကယ့်လင်မယားတွေလို့ အခုထိထင်နေပုံရတယ်။
စိတ်ထဲမှာတော့ သူနဲ့ကဘာဆို ဘာမှမဆိုင်ပါဘူးဘကြီးရယ်လို့ ပြောပြလိုက်ချင်စမ်းပါဘိ။"နောက် ကံမကုန်လို့ ဟောဒီ့ကျွန်းကြီးကို ဖြတ်များသွားကြရင်..လှစိန်အသက်ရှင်တုန်းတော့..
လာလည်အုံးပေါ့ကွယ်...ဟုတ်လား...""ဟုတ်ကဲ့...အဘ...ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံးနော်..."
"အေး..အေးပါကွယ်...ကမ်းစပ်အထိတော့ လိုက်မပို့တော့ဘူး...အဘမျက်ရည်ကျမိရင်..
လူလေးတို့စိတ်ဆင်းရဲရမှာဆိုးလို့ကွယ်..."အဘရဲ့ပြောစကားကြောင့် လိပ်ပြာမျက်ရည်ဝဲချင်လာရသည်။
အဘရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး ခွဲရတော့မဲ့ အဘရဲ့မျက်နှာကို တစ်၀ကြီးကြည့်နေမိသည်။"အဘ...သမီးဟင်းတွေကို သုံး၊လေးရက်စာချက်ထားတယ် သိလား...မိန်းမကိုပဲလွှမ်းပြီးအိမ်မှာပဲအမြဲဓားသွေးမနေနဲ့နော်...ဟိုနား၊ဒီနားလည်းလျှောက်...အဲ့ဒါမှ ကျန်းမာရေးကောင်းမှာ..
နောက်ပြီးအရက်ဆီနဲ့ လျှောက်သီးနဲ့လည်းစိမ်ထားခဲ့တယ်...အဘညောင်း၊ညာ၊ကိုက်၊ခဲလာရင်..""ကဲ..အဘနားလည်ပါတယ်ကွယ်...အချိန်နှောင့်နှေးနေပါအုံးမယ်...သွားကြတော့နော်..."
"ဟုတ်ကဲ့အဘ...ဒါဆို ကျွန်တော်တို့သွားတော့မယ်နော်..."
"အေးအေး...လမ်းခရီးမှာ ဂရုဆိုက်ကြနော်...."
"ဟုတ်ကဲ့...အဘလည်းကျန်းမာရေးကို ဂရုဆိုက်ပါနော်..."
"အေးပါကွယ်..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...