ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၂နေမင်းကြီးက အရှေ့အရပ်မှထွက်ပေါ်လာပြီဆိုတာနဲ့ ရပ်ကွက်ကလေးထဲမှာ အမျိုးသမီးတွေဟာ လှုပ်ရှားစပြုလာကြလေသည်။အချို့ကလည်း ချက်ဖို့၊ပြုတ်ဖို့ ဈေးခြင်းတောင်းကိုဆွဲ၍ ဈေးသို့သွားကြသလို၊ အချို့ကလည်း ချက်ပြုတ်ကြော်လှော် လုပ်နေကြရာ ရပ်ကွက်လေးထဲမှာ နေရာအစုံနီးပါ ဟင်းညော်နံ့လေးတွေဟာ
တထောင်းထောင်းထနေလေသည်။ ရပ်ကွက်ရဲ့ လက်ဖက်ရေဆိုင်လေးထဲမှာဆိုရင်လည်း လူကြီးတွေက အချင်းချင်းဝိုင်းဖွဲ့၍ ကော်ဖီတို့၊အဆာပြေ မုန့်ဟင်းခါးတို့ လာမှာစားကြသလို၊လူငယ်များကလည်း ညကကြည့်ခဲ့ကြတဲ့
ဘောလုံးပွဲအကြောင်း ၊မိမိတို့ရဲ့ကောင်မလေးတွေအကြောင်းကို စမြှုပ်ပြန်ကာ အပြိုင်အဆိုင်ဆွေးနွေးနေကြတာကြောင့် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတဲ့လူမှန်သမျှအဖို့ နားကိုထူပူထွက်သွားမှာသေချာပါတယ်။"ညှော်မယ်ဗျို့...ညှော်မယ်..."
"အမယ်လေး..ပလုတ်တုတ်..."
ခြေရင်းအိမ်မှ မောင်မိုးရဲ့ အော်သံအာပြဲကြီးကြောင့် ဒေါ်မြဖြူမှာ အပင်ကိုရေလောင်းနေတဲ့ ရေပုံးတောင် လက်ထဲမှပြုတ်ကျသွားလေသည်။
"ဟဲ့ မောင်မိုး...ဖြည်းဖြည်းသာသာအော်ပါဟယ်...ငါဖြင့်လန့်တောင်သွားတယ်..."
"ဟ...အန်တီမြမသိပါဘူးဗျာ..လူတွေကညှော်ဟစ်တော့လည်း အသံကျယ်လို့...ညှော်မဟစ်တော့လည်း....နားလည်မှုကိုမရှိဘူးတို့...အိမ်မှာလူကြီးတွေ,လူပမာသည်တွေရှိတယ်...ဘာညာနဲ့ စုံနေအောင် ပြောကြတာဗျ..."
မပုတုရဲ့သား မောင်မိုးဆိုသည်မှာ ဂင်တိုတို ၊အသားညိုညိုနဲ့ လူ့ဂွစာလေးပင်။မထင်ရင်၊
မထင်သလို မိန်းမတွေနည်းတူ ရန်ပြန်တွေ့တတ်တာလေးကလွဲရင် စိတ်နှလုံးကောင်းတဲ့ ကလေးပါပဲ။"အဲ့ဒါဆိုလည်း မောင်မိုးရယ်...အညှော်နဲနဲလျှော့လုပ်ပေါ့...ငရုပ်သီးလျှော့စားပေါ့ဟယ်..."
"ဟာ...အဒေါ်ရယ်...မြန်မာဟင်းပါဆိုနေမှ အစပ်ကတော့ပါမှာပေါ့ဗျာ...ပိုက်ဆံများရှိရင်လေ...
လကမ္ဘာပေါ်က ဟိုတယ်ကြီးမှာတောင် တက်စားလိုက်ချင်သေးဗျာ...အဲ့အခါကြမှ မောင်မိုးတို့အိမ်က ညှော်နံ့လေးကို လွမ်းတယ်ဖြစ်ကြအုံးမယ်..."
JE LEEST
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romantiek"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...