အခန်း၉
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋"အမေရေ..သမီးပြန်လာပြီ..."
"ခွမ်း!!!!!"
"ဟမ်...ဘာသံတုံး.."
အိမ်ထဲသို့၀င်မယ်လို့ကြံခါရှိသေးတယ် အိုးခွက်ကွဲသံတွေက ခရီးဦးကြိုနေနှင့်သည်။
ဒီလင်မယားနဲ့တော့ ခက်ပါတယ်။လစာထုတ်ရက်ကလေးပြန်လာမိပါတယ် စိတ်ကိုတစ်စက်မှမချမ်းသာဘူး။"ခွမ်း!!!"
"အောင်မာ..အောင်မာ..သေချင်းဆိုးကြီး သူကပဲဟိုဟာကိုင်ပေါက် ဒီဟာကိုင်ပေါက်လုပ်ရတယ်လို့..သတ္တိရှိရင် လာခဲ့စမ်းပါ..လာခဲ့..သေချင်းဆိုးကြီး..ဒီလိုလူကျတော့ အခုထိသေမသေနိုင်ဘူး.."
"ဟာ..ဒီမိန်းမတော့ ငါလုပ်လိုက်ရင်သေတော့မယ်..အလကားနေပူညံပူညံနဲ့..ဒီလောက်တောင်ဖြစ်လှ..ကဲဟာ.."
"ဟာ..အဖေ..အဖေ..မလုပ်ပါနဲ့..."
အဖေကလည်း အမေ့ကိုလက်တရွယ်ရွယ်နှင့် ရိုက်ရန်ဆိုင်းပြင်နေသလို အမေကလည်းဆဲဆိုကျိန်းမောင်း၍ မပြတ်ပေ။
ကြားမှညှပ်နေသူက မောင်လေးပေါ့။အမေ့ကိုလည်း ပိတ်မရ အဖေ့ကိုလည်းတားမရနှင့် မောင်လေးခမျာ စိတ်ဒုက္ခတော်တော်ရောက်နေရှာသည်။လိပ်ပြာငယ်ငယ်တုံးကဆိုရင် အဖေနဲ့အမေရန်ဖြစ်တဲ့နေ့ဆို ငိုလိုက်ရတာ ခဏခဏပဲ။
အကြောင်းက ဒီလင်မယားဟာ မီးခြစ်ရှာ၊ဆေးလိပ်ရှာတဲ့ ကိစ္စကအစရန်ဖြစ်ကြတဲ့အတွဲမို့ပါ။ပတ်၀န်းကျင်ကကြားရင်တော့ အမေ့အသံကြီးပဲပေါ့ တကယ်တော့ အိမ်ထဲမှာပတ်မွှေသူကအဖေရယ်ပါ။
သားသမီးတွေနှင့်တောင် မနိုင်နိုင်အောင်ပြိုင်ငြင်းတတ်တဲ့အဖေရယ်ပါ။တစ်ခါကဆို အစ်ကိုကြီး၊အစ်ကိုလေးတို့နှင့်
"ကျမ"နဲ့ "ကျွန်မ"ဆိုတဲ့ အသုံးအနှုန်းကိုပြိုင်ငြင်းကျရာမှာ သားတွေက အဖေတို့ခောတ်မှာသာ
"ကျမ"လို့သုံးတာ ဒီဘက်ခောတ်မှာ ဖတ်တော့ "ကျမ" ရေးတော့"ကျွန်မ"ဆိုတာကို စာအုပ်တွေ၊အထောက်အထားတွေပါထုတ်ပြလည်း အတင်းဖင်ပိတ်ပြီး သူအမှန်ကြီးလုပ်နေသည့်အဖေ့ကို ရန်မဖြစ်ချင်တော့၍ လူငယ်တွေကသာ အရှုံးပေးလိုက်ရသည်။
အဖေဟာ ဒီလိုတစ်ယူသန် လူ့ဂွစာကြီးပါ။
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...