ဧည့်ခန်းထဲကိုပြေးဝင်လာတဲ့ ဂျောင်ဂု ကတော့ကြောင်အမ်းအမ်းဖြစ်နေသည်။သွေးအိုင်ထဲမှာလှဲလျောင်းနေသူက ဖခင်ဖြစ်နေတော့မယုံနိုင်စွာနဲ့ ရပ်ကြည့်နေမိသည်။ဖေဖေ့ကိုသူဆုံးရှုံးရတော့မှာလား...
*မ..သွား..ဘူး..*
*ဖေဖေ....*
*သ..သား...*
ဂရေ့စ်နဲ့အဲလက်တို့သည်လည်းထိုမြင်ကွင်းကိုကြည့်ပြီးမျက်ရည်ဝဲရသည်။ရုံးတော်ကလူတွေကတော့ အရာရှိကြီးကိုသက်သေအခိုင်လုံနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ဒါတောင် အရာရှိကြီးကရုန်းရင်းဆန်ခတ်လုပ်နေလို့ အတော်လေးထိန်းယူရသည်။
*ဖေဖေကြီး ခဏလေးအားတင်းထားနော်။ဆေးရုံကိုသွားကြမယ် ...*
*ဟင့်အင်း....*
*ဖေဖေ....*
ပါးစပ်ထဲကနေသွေးတွေအဆက်မပြတ်အန်ထွက်နေတဲ့ဂျွန်ဆော့က မျက်ရည်တွေကျဆင်းလာခဲ့သည်။သားနှစ်ယောက်လုံးရဲ့လက်တွေကိုဆုတ်ကိုင်ကာ အပြုံးလေးနဲ့ကြည့်နေမိသည်။သူ့ရဲ့နောက်ဆုံးထွက်သက်ကိုတော့ စိတ်ဖြောင့်ဖြောင့်နဲ့သွားချင်တယ်။
*ဂရေ့စ် ဆရာဝန်ကိုခေါ်ထားတယ် အကို...*
*အင်း.ကျေးဇူးဘဲ ဂရေ့စ်..*
သူ(မ)အိမ်မှာဖြစ်နေတာကြောင့် တာဝန်မကင်းဘူးလို့လည်းခံစားရလို့ မိသားစုဆရာဝန်ဆီအကြောင်းကြားပေးလိုက်သည်။မေမေကတော့ အငိုလွန်ပြီးအမောဖောက်သလိုဖြစ်လာလို့ အိမ်အကူတွေက ယပ်ခတ်ပေးနေကြသည်။
မိသားစုနှစ်စုကြားအမုန်းတရားတွေကတဆင့် ကြေကွဲစရာဇာတ်သိမ်းခန်းဆီရောက်ရှိသွားကြသည်။လောကဘအတော်လေးကိုကြောက်ဖိူ့ကောင်းပါလား။ဖေဖေကတော့ နောင်တရလား မရလားမသိပေမယ့် သူ(မ)ကတော့ ရာထူး စည်းစိမ်တွေကိုတပ်မက်ခြင်းအလျဉ်းမရှိတော့ဘူး။
*သား...ဖေဖေပြောတာသေသေချာချာနားထောင်နော်...*
*စကားအများကြီးမပြောပါနဲ့ ..*
*ဖေဖေသိနေတယ် ကြာကြာမနေရတော့ဘူးဆိုတာ..*
*မဟုတ်တာဘဲ ဖေဖေကြီးက မင်တို့နဲ့အကြာကြီးနေသွားရမှာပါ..။အဲလိုမပြောပါနဲ့..*
![](https://img.wattpad.com/cover/324324936-288-k75836.jpg)
အပိုင်းတစ်ဆယ့်ရှစ်
Start from the beginning