မက်ရှလေက ဘာသာမဲ့ ဖြစ်သည်။။သို့သော် သူသည် ဘာသာအားလုံး နဲ့ အကျွမ်းဝင်ကာ လေးစားသည်။အကုန် လုံး သူ သိသည်။

ကိုးနောင်ကမူ ဗုဒ္ဓဘာသာ ပဲ ဖြစ်သည်။

သူက psycho ဖြစ်နေသော်လည်း သူ့စိတ်သည် ဗလာခွံကြီး ဖြစ်နေသော်လည်း မေတ္တာကို ယုံသည်။

ကိုးနောင် ကလေးရပြီး နောက်ပိုင်း လူသတ်ခြင်းကို ရှောင်ရှားခဲ့သည်။သူ သည် ဖအေဖြစ်သူ နောင်ဘုန်းသိုက်ကိုပင် သတ်ရန် ကြံခဲ့ဖူးသည့် အဇာတသတ်လို သားမိုက်၊နရသူလို သားဆိုး ဖြစ်သည်။သူ အင်္ဂလန်ကနေ မြန်မာနိုင်ငံကို ပြန်လာတာ လူနှစ်ယောက်ကို သတ်ရန်တွက် ဖြစ်သည်။

တစ်ယောက်က မင်းစည်သူ ဖြစ်၍ နောက်တစ်ယောက်ကား ချစ်လှစွာသော ဖေဖေ။

သို့သော် သူ လက်ထဲ သူ့သမီး ရောက်လာသောအခါ သူ အတွေးတွေသည် အားကြီးသော လေမုန်တိုင်း တိုက်ခံရသော လှေငယ်လေးလို လွင့်ပါးသွားသည်။

ဖခင် နေရာ ကိုးနောင် ရောက်သည့်ခါ ဖခင်မေတ္တာ ရင်တွင်း အောင်းသည့်အခါ . .  နောင်ဘုန်းသိုက်သည်လည်း သူ သူ့သမီးကို ချစ်သလို သူ့ကိုလည်း မလျော့သော မေတ္တာ နဲ့ ချစ်ပေမည်။သူ လို စိတ္တဇPsychoကတောင် ဒီလောက် ဖြစ်နေလျှင် သာမန် အသည်းနှလုံးရှိသော သူ့အဖေ သည် သူ့ကို ဘယ်လောက်တောင် ချစ်မည်နည်း။

ထိုအတွေးက သူ့ ဒူးတွေကို ညွှတ်ကျစေသည်။

ထိုကြောင့် သတ်ရန် စာရင်းထဲက နောင်ဘုန်းသိုက်ကို အမှားခြစ် ခြစ်လိုက်သည်။သို့သော် နောင်ဘုန်းသိုက်ကို သူ ခွင့်မလွှတ်ချင်ပေ။

ထားပါလေ။ဒီစိတ်က ထိန်း၍ ရ၏။ထိန်းမရတာ သွေးဆာတဲ့ စိတ်။

ခက်သည်။
အရက်သမား အရက်နာ ကျသလို ခက်သည်။
သူ့မိသားစု ကြောင့်သာ သည်းခံနေရ၏။

သွေးဆာလောင်နေသည့် သူ့ရဲ့ စိတ်က သူ့ကို အမိုက်မှောင်ကို ဆွဲခေါ်သွားသည်။စိတ်ကုထုံးတွေနဲ့ တိတ်တိတ် ကြိတ်ကုပေမဲ့ ဒုံရင်းသာ။

ထိုအခါ ကိုးနောင်သည် ဘာသာရေး ဘက်ကို လှည့်ခဲ့သည်။

ဘာသာရေးသည် အမှန်စင်စစ်အားဖြင့် အရေးမပါသလို ရှိသော်လည်း အားကိုးမဲ့သောအခါ ကြောက်ရွံ့တတ်သောအခါ ‌ကောက်ရိုးမျှင်လေးလို စိတ်သက်သာရာ ရစေသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now