အပိုင်း[၁၃]

121 27 1
                                    

[Unicode]

ယဲ့ရှောင်ယန် စာကြည့်ခန်းထဲသို့ ပြန်လာကာ ကွန်ပြုတာကို ဖွင့်လိုက်ပြီး ပို့ပေးထားသာ စာချုပ်ကို စစ်ကြည့်နေလိုက်သည်။

စာချုပ်များကို ဖတ်ကြည့်ဖို့က သူ့အတွက် အခက်အခဲမဟုတ်ပေ၊အရင်ဘဝတွင် GDအသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ကစားသမားစာချုပ်ကနေ streaming စာချုပ်များအထိ အစအဆုံး အကုန်ဖတ်ဖူးသည်။တစ်ချို့အသင်းများသည် ကစားသမားများအပေါ် အခွင့်ကောင်းယူကြပြီး streaming ပလက်ဖောင်းများမှလည်း သူတို့တင်ဆက်သူများအပေါ် အခွင့်ကောင်းယူကြသည်မှာလည်း သာမာန်သာဖြစ်သည်။ယဲ့ရှောင်ယန်ကို လှည့်စားဖို့ မလွယ်ကူပါ။

သို့သော် စာချုပ်ကို မညှိနှိုင်းခင် သူတို့ဘယ်မှာ ရပ်နေလဲဆိုတဲ့အပေါ် နားလည်ထားဖို့ လိုအပ်သည်။

အကယ်၍ သူတို့သာ စိတ်ကျေနပ်လောက်သည့် ရလဒ်များကို မလုပ်ပြနိုင်ရင် သူတို့သဘောအတိုင်း ညှိနှိုင်းဖို့ မဖြစ်နိုင်ပေ။

ယဲ့ရှောင်ယန် အွန်လိုင်းပေါ်တက်လိုက်ပြီး ဒီကမ္ဘာထဲရှိ တိုက်ရိုက်ထုတ်လွှင့်သည့်အကြောင်းအရာ တစ်ချို့ကို ရှာဖွေလိုက်သည်။

ကမ္ဘာအသစ်၏ အကြီးဆုံးstreaming ပလက်ဖောင်းသည် ဝေလငါး streaming၊ Douding Streaming၊ ပန်ဒါstreamingတို့ဖြစ်သည်။ထိုအရာက ယဲ့ရှောင်ယန်အတွက် ပိုလွယ်ကူသွားသည်။ဝေလငါး streamingနှင့် ညှိနှိုင်းရေးအဆင့်တွင် ပျက်သွားခဲ့ပါက သူ့တွင်နောက်ထပ် ရွေးချယ်စရာ ရှိနေသေးသည်။သူ့ကိုယ်သူ ထိုအလုပ်မှာပဲ ပိတ်မိနေစရာ မလိုပေ။

ကြည့်ရတာ A/B/Oကမ္ဘာက လူတွေက ပိုချမ်းသာပုံရတယ်?ကြည့်ရှုသူတွေက သဘောကောင်းပြီး subscriptionတွေနဲ့ လက်ဆောင်တွေ အများကြီး ပေးတယ်။ထိပ်တန်းhostတွေမှာ subscriber လူ(5)သန်းကျော်ရှိပြီး လတိုင်း ယွမ် သန်းနဲ့ချီပြီးလက်ဆောင်ရနေကြတယ်။

နာမည်ကြီးတင်ဆက်သူတွေရဲ့ ဝင်ငွေက နာမည်ကြီးဆယ်လီတွေထက် ပိုများတယ်။

အကို ငါးက ပရိုကစားသမားတွေကို မကောင်းပြောပြီး 'ပွဲရှာ'တဲ့ တင်ဆက်သူ လမ်းစဉ်ကို ရွေးသွားတာ အံ့ဩစရာမရှိဘူး။

အကုန်ရအလယ်လမ်းကစားသမားWhere stories live. Discover now