အပိုင်း[၄]

173 44 21
                                    

[Unicode]

ယဲ့ရှောင်ယန် ညစာအတွက် အွန်လိုင်းမှ မှာစားလိုက်ပြီး စားသောက်နေစဉ်အတွင်း Starမြို့တက္ကသိုလ်အကြောင်း ရှာဖွေလိုက်သည်။ထိုတက္ကသိုလ်သည် တရုတ်နိုင်ငံတွင် ထိပ်ဆုံးတက္ကသိုလ် (၁၀)ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ချင်ရွေ့သည် ထိုကျောင်း၏ဝင်ခွင့် အောင်သွားသောကြောင့် သူသည် တော်တဲ့ကျောင်းသား ဖြစ်ပုံရသည်။

ယဲ့ရှောင်ယန် စားပြီးသွားချိန်တွင် တံခါးဘဲလ်မြည်သံ ကြားလိုက်ရသည်။တံခါးကိုဖွင့်လိုက်သည့်အခါ အလွန်ကြီးသော ခရီးဆောင်အိတ်နှင့် ချင်ယွဲ့ကို တွေ့လိုက်သည်။၁.၇မီတာမြင့်သော ကောင်လေးတစ်ယောက်သည် သူ့ဘေးမှာရပ်နေသည်။

ကလေးမျက်နှာနှင့် ခန္ဓာကိုယ်က ပိန်ပါးသည်။အဖြူရောင် အင်္ကျီနှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ အနက်ရောင်ရှိသော ဆံပင်နှင့် ထိုကောင်လေးသည် လိမ္မာပြီး အကျင့်ကောင်းမည့်ပုံရှိသည်။ ယဲ့ရှောင်ယန်နှင့် အကြည့်ဆုံပြီးနောက် ကောင်လေးသည် ပြုံးပြလာပြီး
"ယန်ကော အနှောင့်ယှက်ပေးမိပါပြီ၊ကျွန်တော့်ကျောင်းက ဒီနဲ့ ၂မှတ်တိုင်ပဲဝေးတာ၊ သွားရတာ ပိုအဆင်ပြေတယ်"

ကောလိပ်ကျောင်းသားတွေက အဆောင်မှာ နေရမှာ မဟုတ်ဘူးလား? ဖြစ်နိုင်တာက ဒီကမ္ဘာမှာ အိုမီဂါတွေကို သက်ညှာပေးထားတယ် ထင်တယ်။ ယဲ့ရှောင်ယန် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊တစ်ယောက်တည်း နေရတာလည်း ပျင်းနေတာ၊ မင်းလာနေမယ်ဆိုတော့ ပိုကောင်းတာပေါ့"

"ရှောင်ယန်" ချင်ယွဲ့ စကားပြောလိုက်သည်။ "ရွေ့ရွေ့ကို ဂရုစိုက်ပေးဖို့ အကူညီတောင်းရတော့မှာပဲ၊ရွေ့ရွေ့က ဘယ်လိုချက်ကမလဲ သိတယ်၊သူ့အတန်းချိန်တွေက သိပ်မများဘူး အတန်းပြီးရင် သူ ညစာချက်ပေးနိုင်လိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကချက်တဲ့ဟင်းပဲ စားတာက မင်းတို့၂ယောက်ကို ပိုကျန်းမာလာစေတယ်"

"သေချာတာပေါ့"
ယဲ့ရှောင်ယန် နေ့တိုင်း အော်ဒါမှာစားရမလားလို့ ခေါင်းခဲနေတာဖြစ်သည်။ သူ့ဝမ်းကွဲက ဘယ်လိုချက်ရမလဲ သိတော့ ကောင်းတယ်။

အကုန်ရအလယ်လမ်းကစားသမားحيث تعيش القصص. اكتشف الآن