အပိုင်း[၁၁]

127 35 1
                                    

[Unicode]

တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မယ်၊တိုက်ရိုက်ထုတ်လွှင့်ခန်း နှစ်ခုလုံးရှိ ကြည့်ရှုသူများသည် သူတို့အသက်တောင်မရှူဝံ့ကြပေ။

တိုက်ပွဲများထဲတွင် Abyssal Lordသည် ပထမဆုံး သတ်ဖြတ်ခြင်းကို ရခဲ့သည်မှလွဲ၍ ကျန်သောတိုက်ပွဲများတွင် အပြာအသင်းသည် မနိုင်သေးပါ။2vs2အလယ်လမ်းတိုက်ပွဲတွင် တစ်ယောက်သေဆုံးသွားပြီး အောက်လမ်းတိုက်ပွဲ ရလဒ်တွင် အပြာသင်း၏ Marksmanနှင့် Junglerသေဆုံးသွားခဲ့သည်။

အနီအသင်း၏ Marksmanသည် သုံးခါသတ်ဖြတ်ထားနိုင်ပြီး အလယ်လမ်း ကစားသမားသည်လည်း သုံးခါ သတ်ဖြတ်ထားနိုင်သည်။

ယဲ့ရှောင်ယန် အမိန့်ပေးလိုက်သည် :
[အားလုံး အသံဖွင့်လိုက်]

ဂိမ်းသည် အသံနှင့်စကားပြောနိုင်သော လုပ်ဆောင်ချက်ပါဝင်သည်။ သူ့အသင်းဖော်များသည် အပေါ်ဘယ်ဘက်တွင်ရှိသော စပီကာခလုတ်ကို အလျင်အမြန် နှိပ်လိုက်ကာ ကြည်လင်ပြတ်သားသော ယောကျာ်းတစ်ယောက် အသံထွက်လာသည်။

"အကုန်လုံး အတူစုမနေကြနဲ့၊ တာဝါနောက်မှာ လူစုခွဲပြီး ပုန်းနေ၊ရန်သူKnightမှာက အုပ်စုလိုက်ထိန်းချူပ်စကေး ရှိတယ်"

အပြာအသင်း၏ Minionများသည် အနီအသင်းရှိ ကစားသမားငါးယောက်ကြောင့် အလျင်အမြန် ရှင်းလင်းခံလိုက်ရသည်။

မကြာခင် အနီအသင်းရှိ minionများ အပြာအသင်း၏ တာဝါထဲသို့ ဝင်လာကြသည်။အမာခံကောင် Holy Knightသည် အသင်းကိုဦးဆောင် ချီတက်လာသည်!

ဂိမ်းတစ်ခုလုံး၍ သန်မာဆုံးအမာခံကောင် Holy Knughtတွင် ကစားပွဲထဲရှိ တစ်ခြားဟီးရိုးများထက် Hpနှစ်ဆ ရှိသည်။

သူ့ကိုရှေ့မှာနေပြီး ဒိုင်းကာလုပ်ထားခြင်းဖြင် အပြာသင်းမှ ကစားသမားငါးယောက်အတူစုတိုက်မှသာ သူလဲကျနိုင်ခြေရှိသည်။

"နောက်ပြန်ဆုတ် Knightကို ပြစ်မှတ်မထားနဲ့ minionတွေကိုပဲ ပြစ်မှတ်ထား"
ယဲ့ရှောင်ယန် မြေပုံမှတစ်ဆင့် ပြိုင်ဘက်များ၏ နေရာယူပုံကို ကြည့်ကာ လျှင်မြန်စွာ ဆက်ပြောလိုက်သည်။
"Support ငါတို့ကို မြန်အောင်လုပ်ပေး၊Berserker ဘယ်ဘက်ကိုသွား ရန်သူMarksmanကို stun(ရပ်တန့်)လိုက်၊သူအဲ့မှာ ပုန်းနေတယ်!"

အကုန်ရအလယ်လမ်းကစားသမားWhere stories live. Discover now