အပိုင်း[၇]

200 41 7
                                    

[Unicode]

9:00 PM ထျန်ဟွမ်အသင်းHQတွင်

ချီရှို့ လေ့ကျင့်ရေးအခန်း(၁)ကို ရောက်သောအခါ သူ့အသင်းသားများသည် ကွန်ပြူတာရှေ့တွင် ထိုင်ကာ နေ့စဉ်လုပ်နေကြ လေ့ကျင့်ရေးများကို လုပ်နေကြသည်။နည်းပြလင်းဖုန်းနောက်မှ ဖြတ်သွားသောအခါ နည်းပြ၏ကွန်ပြူတာပေါ်တွင် အသစ်ထွက်သော ဟီးရိုး [Abyssal Lord]၏အချက်အလက် အကျဉ်းချုပ်ပေ့ချ်ကို တွေ့လိုက်ရသည်။

လင်းဖုန်းသည် ထျန်ဟွမ်အသင်း၏ ပထမမျိူးဆက်မှ အဓိက အလယ်လမ်း ကစားသမားတစ်ယောက် ဖြစ်သည်။ သူသည် အလွန်ညင်သာသော ဘီတာဖြစ်ပြီး အနားယူပြီးနောက် အဓိကနည်းပြ ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး သူ၏နည်းပြခံယူချက်မှာ အခြားသောနည်းပြများနှင့် မတူပေ။ သူသည် ကစားသမားတစ်ယောက်ချင်းဆီ၏ ဆန္ဒကို ဦးစားပေးသည်၊ 'နည်းပြ'ဆိုသော ဂုဏ်ပုဒ်ဖြင့် သူ့သဘောကျ လုပ်ဆောင်ခြင်းမရှိပေ။ ကစားသမားတစ်ယောက်သည် အမှားတစ်ခုကို ပြုလုပ်ပြီး နောင်တမရတတ်ပါက ထိုကစားသမားအား အရန်ခုံတွင် ထိုင်ခိုင်းသည်မှာလည်း ရှားသည်။

ဂိမ်းတွင် ဟီးရိုးအသစ် ထွက်လာသည့် အချိန်တိုင်း နည်းပြလင်းသည် သူကိုယ်တိုင် ထိုဟီးရိုးနှင့် လေ့ကျင့်သည်။ နည်းပြတွေက ဂိမ်းသီအိုရီတစ်ခုတည်းကိုသာ ကျွမ်းကျင်နေလို့ မဖြစ်ပေ။ သူတို့သည် ဟီးရိုးတိုင်း၏ အထဲအပြင် နှံ့နှံ့စပ်စပ်သိပြီးမှ ကစားပွဲတိုင်းအတွက် အကောင်းဆုံး  line upကို ထုတ်ပေးနိုင်မယ်လို့ ယုံကြသည်။ရလဒ်အနေဖြင့် လိဂ်ပွဲစဉ်၏ အဓိကနည်းပြများထဲတွင် လင်းဖုန်းသည် အသန်မာဆုံး ကစားသမားတစ်ယောက် ဖြစ်သည်။

ချီရှို့ သူ့နောက်တွင်ရပ်လိုက်ကာ ကွန်ပြူတာကို ငုံ့ကြည့်လိုက်သည်။
"ဟီးရိုးအသစ်က ဘယ်လောက်ကြမ်းလဲ ကြည့်နေတာလား"

"အလယ်လမ်းမှာ ဆော့ရမယ့် ဟီးရိုးပဲ" လင်းဖုန်းပြောလိုက်သည်။
"ဒီဟီးရိုးက ဆော့ရတာ နည်းနည်းတော့ ခက်တယ် သူရဲ့နေရာပြောင်းတဲ့ စကေးက အကွာအဝေး တိုတယ်၊ကစားသမားရဲ့ ထိန်းချုပ်တာက တော်မနေဘူးဆိုရင် ရှုံးသွားနိုင်တယ်၊အရိပ်တွေက ခွဲထုတ်လို့ရသလို ပြန်ပေါင်းလို့ရတယ်၊အသင်းလိုက်တိုက်ပွဲမှာဖြစ်ဖြစ် 1vs1မှာပဲဖြစ်ဖြစ် damageပေးနိုင်တယ်။ ဘက်စုံသုံးလို့ရတာ အရမ်းကောင်းတယ်။ သူတိုက်ခိုက်နိုင်စွမ်းက late gameမှာ အရမ်းအားကောင်းလာမှာ။တစ်ကောင်သတ်လို့ ရတာနဲ့ သူအခြားစကေးတွေက cooldownစောင်ဖို့မလိုပဲ အသစ်ပြန်ပြန်ရသွားမှာ၊သူပိုပိုပြီး သတ်နိုင်လေ ပိုကြမ်းလာလေပဲ"

အကုန်ရအလယ်လမ်းကစားသမားWhere stories live. Discover now