အပိုင်း[၅]

179 43 10
                                    

[Unicode]

ချင်ရွေ့ Laptopကို စာကြည့်ခန်းထဲ ယူလာပြီး ထမင်းစားခန်းမှ ထိုင်ခုံကို ယူလာကာ ဝမ်းကွဲအကို ဂိမ်းထိုင်ခုံဘေးတွင် ဝင်ထိုင်လိုက်သည်။ ဂိမ်းထဲသို့ ပြန်ဝင်လိုက်ပြီး ယဲ့ရှောင်ယန်နှင့်အတူ တွဲဆော့ရင် ဖိတ်ခေါ်လိုက်သည်။

ညနေ၈နာရီခွဲသည် လူအများဂိမ်းဆော့ချိန်ဖြစ်၍ ၅စက္ကန့်အတွင်း ဂိမ်းပွဲကို ရှာတွေ့သွားသည်။ စိန်အဆင့်အောက်နိမ့်သော ဂိမ်းများဖြစ်သည့်အလျောက် B & Pဟုသော Ban And Pickပွဲမဟုတ်ပါ။ဂိမ်းစတော့မှသာ ပြိုင်ဘက်အသင်းကို မြင်နိုင်မည်ဖြစ်သည်။

(Ban And Pick : Rankအမြင့်ပိုင်းတွင် ဂိမ်းမဆော့ခင် အသင်းတစ်သင်းဆီမှ ကြိုက်ရာ ဟီးရိုး (၃)ကောင် banခွင့်ရှိသည်။ နောက်ကျ ပြိုင်ပွဲအတွက် ထပ်ရှင်းပြပေးပါမယ်။)

သူတို့အသင်းတွင် ယဲ့ရှောင်ယန်[ရှောင်ပိုင်] ကြေးအဆင့်တွင် ရှိပြီး ၊ချင်ရွေ့[ရှောင်ရွေ့]သည် ရွှေအဆင့်ဖြစ်သည်။ နောက်ထပ် ကစားသမား(၃)ယောက်သည် ငွေအဆင့်မှ [ဒဏ္ဍာရီလာ ကော],[မင်းအပြုံးလေး],[ငါ့ရင်ခုန်သံ]တို့ ဖြစ်သည်။နောက်ကသူတို့နာမည်ကို ကြည့်ချင်းအားဖြင့် စုံတွဲများဖြစ်ပုံရသည်။

အဆင့်စနစ်အရ ဒီပွဲသည် ငွေအဆင့်ဂိမ်းပွဲဖြစ်သည်။

ယဲ့ရှောင်ယန်တွင် ဟီးရိုး (၅)ကောင်သာ ရှိသေးရာ သူသည် အလယ်လမ်းဟီးရိုးဖြစ်သော 'Frost Godness-ရွှယ်လီ' mageကို ရွေးချယ်လိုက်သည်။ရွှေရောင်ဆံပင်ရှည် အကောက်ဖြင့် လှပပြီး အဖြူရောင်နှင်းဝတ်ရုံအား ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် screenပေါ်တွင် ပေါ်လာသည်။

ချင်ရွေ့သည် သူ့ကောကော mage ရွေးလိုက်သည်ကိုမြင်သောအခါ ချက်ခြင်း 'Forest Envoy-ယာအန်'supportကို ရွေးချယ်လိုက်သည်။ထိုဇာတ်ကောင်သည် ပိုနီတေးစည်းထားပြီး ချွန်သော နားရွက်တစ်စုံရှိသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။သူမ၏စကေးအားလုံးသည် Healingပေးတာဖြစ်သည်။

မကြာခင်ပဲ သူတို့အသင်းသား [မင်းအပြုံးလေး]သည်လည်း mageကို ရွေးချယ်လိုက်သည်။[ငါ့ရင်ခုန်သံ]သည် Marksmanကို ရွေးလိုက်ပြီး [ဒဏ္ဍာရီလာ ကော]သည် Assassinကိုရွေးချယ်လိုက်သည်။ အခု သူတို့၏ Lineupသည် Assassin (1), Mage (2), Marksman (1), Support (1) ဖြစ်သည်။

အကုန်ရအလယ်လမ်းကစားသမားWhere stories live. Discover now