"လိုအပ်တာရှိရင်ကျွန်တော့်ကိုခေါ်လိုက်ပါ……"

"မလိုဘူး……"

ထည်ဝါ့ရဲ့ခပ်ရွဲ့ရွဲ့စကားကြောင့်မှိုင်းညှို့ရွှေဘုံရဲ့မျက်နှာကကွက်ခနဲ။ ပြီးမှကောင်လေးကိုတစ်ချက်ထပ်လှမ်းကြည့်ပြီးသူ့လက်ထဲကဓါးကိုစားပွဲတင်ကာအခန်းထဲကနေထွက်သွားသည်။ အခုမှဂရုစိုက်သလိုလုပ်ပြနေသည့်စိတ်ပျက်စရာမြင်ကွင်းကြောင့်ထည်ဝါဆုတ်တစ်ချက်သပ်လိုက်မိတယ်။ ပြီးမှစားပွဲမှာရှိနေတဲ့ခက်ရင်းကစလို့ထိုလူထားခဲ့သည့်ဓါးကိုပါဆိုဖာအနောက်ဘက်သို့လွှင့်ပစ်လိုက်ပြီးကောင်လေးနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချကာ

"ကောင်လေး……"

ကောင်လေးကထည်ဝါ့စကားကိုကြားဟန်မတူ ၊ လက်သီးတင်းတင်းဆုပ်ကာသာမျက်လုံးမှိတ်ထားဆဲ။ လက်တစ်ဖက်နှင့်မျက်နှာလေးကိုခပ်ဖွဖွထိတွေ့ကာကျန်လက်တစ်ဖက်ဖြင့်ကောင်လေးလက်ပေါ်ကိုထပ်ကာဆုပ်ကိုင်လိုက်တော့အေးစက်နေသည့်လက်တစ်စုံကထည်ဝါ့လက်နွေးနွေးထဲအံဝင်ခွင်ကျပင်။

"ကိုယ့်ကိုကြည့်ကလေး……ဒီမှာမင်းနဲ့ကိုယ်ပဲရှိတာလေ…ကိုကို့ကိုကြည့်ပါအုံးကွာ……"

ထိုအခါမှခပ်ဖြည်းဖြည်းပွင့်လာတဲ့မျက်ဝန်းတွေ။ လွန်ခဲ့တဲ့ငါးနှစ်ကဆေးရုံမှာတွေ့ခဲ့ရသလိုမျိုး ကောင်လေးမျက်ဝန်းတွေကကြောက်ရွံ့တုန်လှုပ်နေလေတယ်။

"ဘာမှမရှိတော့ဘူး……ဘာမှမဖြစ်တော့ဘူးနော်……"

ကလေးချော့သလိုချော့နေတဲ့ဒေါက်တာကြောင့်သဝဏ့်မြင်ကွင်းထဲကအတိတ်ဆိုးတွေကကြက်ပျောက်ငှက်ပျောက်။ မျက်မှန်အောက်ကနေသူ့မျက်ဝန်းထဲကိုငေးကြည့်နေတဲ့မျက်ဝန်းတွေကကြည်လင်ကာသိပ်ကိုလှသည်။ လက်ပေါ်ကအထိအတွေ့ခပ်နွေးနွေးကလည်းဘာကြောင့်မှန်းမသိနှလုံးသားထဲအထိကိုအနွေးဓါတ်တွေစိမ့်ဝင်နေသလိုလို။

"အဆင်ပြေရဲ့လား ကောင်လေး……"

"………"

ကြည်လင်ပြီးတောက်ပနေတဲ့မျက်ဝန်းရယ် ၊ ပန်းနုရောင်နှုတ်ခမ်းထူထူလေးရယ်။ ပြီးတော့ညှပ်ရိုးခပ်ရေးရေးမြင်နေရတဲ့လည်တိုင်ဖြူဖြူလေးရယ်။
သေချာကြည့်မှဒေါက်တာကလှလိုက်တာ……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Hikayelerin yaşadığı yer. Şimdi keşfedin