ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ

Comenzar desde el principio
                                    

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ဒီမှာ ကိုယ်ပြောချင်တာကလေ လူတွေကစေတနာနဲ့မတန်ဘူးဆိုတဲ့စကားက သိပ်မှန်တာပဲ။(လူအကုန်လုံးကိုပြောချင်းမဟုတ်ပါ။တစ်ချို့မသိတတ်တဲ့အကျင့်စရိုက်ရှိတဲ့သူတွေကိုပြောတာပါ)

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ဒီမှာ ကိုယ်ပြောချင်တာကလေ လူတွေကစေတနာနဲ့မတန်ဘူးဆိုတဲ့စကားက သိပ်မှန်တာပဲ။(လူအကုန်လုံးကိုပြောချင်းမဟုတ်ပါ။တစ်ချို့မသိတတ်တဲ့အကျင့်စရိုက်ရှိတဲ့သူတွေကိုပြောတာပါ)

ဘာသာပြန်သူတွေက E sub နဲ့ပဲဖြစ်ဖြစ် C sub နဲ့ပဲဖြစ်ဖြစ် အချိန်ကုန် အင်တာနက်ဖိုးကုန် အသိဉာဏ်တွေကိုအလုပ်လုပ်ပြီးမှ စာဖတ်သူတွေဖတ်ရအဆင်ပြေနိုင်လောက်တဲ့စကားလုံးအသုံးအနှုန်းတွေကို သေချာဂရုစိုက်ရွေးချယ်သုံးနှုန်းပြီးမှ ရေးပြီးတင်ကြတာပါ။

သူတို့အတွက် ဘာပြန်ရလဲ။ဘာမှမရဘူးနော်။သူတို့ရဲ့၀ါသနာအရသာ စာရေးကြရတာ။paid လုပ်တယ်ဆိုတာကလည်း စာဖတ်သူတွေက သွားတောင်းဆိုကြလို့။သွားမတောင်းဆိုဘဲ paid လုပ်မယ်ဆိုရင်တောင် စာဖတ်သူတွေဘက်က ၀ယ်ချင်မှဖြစ်တာလေ။ဘယ်သူ့မှ ဇွတ်မ၀င်ခိုင်းဘူး။Paid လုပ်ပြီး free မှာ မတင်ရင်တော့ ဒါက စာရေးသူအပြစ်ဖြစ်သွားပြီ။ဒါပေမဲ့ ဘယ်စာရေးဆရာတွေကများ paid ထောင်ပြီး free မတင်ပေးတာရှိလို့တုန်း။Free အပိုင်းကိုလည်း နေ့တိုင်းပုံမှန်တင်ပေးနေကြတာပဲလေ။

စာတွေကိုသိမ်းထားချင်လို့ပါဆိုတဲ့စာဖတ်သူတွေအတွက်လည်း အဆင်ပြေအောင် pdf free file link လေးပါချပေးထားသေး။ဒါကို ဘယ်လိုတောင်မှ စာရေးဆရာကို လုပ်ရက်ကြတာလဲ။TG မှာ acc ဖွင့်ပြီး သိမ်းချင်တယ်ဆိုလည်း ဒါမှမဟုတ် လူသိများကျော်ကြားချင်တယ်ဆိုလည်း စာရေးသူပုံမှန်ချပေးထားတဲ့ file ကို down ပြီး ပြန်တင်ပေးလေ။စာရေးသူတွေက ရတာမှ တစ်ပဲခြောက်ပြား။အဲ့ထက်များရင်လည်းများမယ်။ဒါပေမဲ့ ဒါက သူတို့ရဲ့ပညာခကို ထိုက်ထိုက်တန်တန်ရတာလေ။စာတစ်ကြောင်းဖြစ်ဖို့ဆိုတာ လွယ်တာမှတ်လို့။

paid ၀င်ပြီး ပြန်မျှတာကတော့ တခြားသူတွေကို သူ့လိုဖတ်စေချင်တာပါဆိုတဲ့ စေတနာကိုဗန်းပြပြီး နာမည်ကြီးချင်တာ။member များချင်တာ။အဲ့လိုပြန်ချပေးမှတော့ စာရေးသူဘက် ကိုက်ပါဦးမလား။

အဲ့လိုတင်တဲ့သူတွေကိုလည်း မေးချင်တယ်။ဘယ်လိုစိတ်နဲ့များ အဲ့လိုလုပ်ရက်ရတာလဲဆိုတာ။paid တစ်ခုမှ ၁၀၀၀ကနေ ၃၀၀၀ အထိပဲရှိတယ်။ဒါတောင် paid တစ်ခုမှာ အပိုင်းရေက ရာကျော်တင်ရတာ။မြတ်လို့လား ကိုက်လို့လား။ရတဲ့ငွေနဲ့ ရင်းရတဲ့အချိန်တွေနဲ့ကိုက်အောင်တော့ စာရေးသူဘက်က ပြန်ရသင့်တယ်လေ။

အခုခေတ်အခြေအနေမှာ ငွေရှာရတာ အင်မတန်ခက်တယ်။၁ထောင်ရဖို့ကိုတောင် မနည်းရုန်းကန်နေရတဲ့အခြေအနေမှာ အဲ့လိုလုပ်တော့ သူများထမင်းဖိုး အင်ာနက်ဖိုး မုန့်ဖိုးတွေကို ဖြတ်လုလိုက်သလိုမဖြစ်သွားဘူးလား။စာရေးသူအတွက် ဘာကျန်ခဲ့လဲ။

အဲ့လိုလူတွေကြောင့် စာစဥ်ကောင်းတွေရေးတဲ့ ဘာသာပြန်ဆရာတွေနည်းသွားသလို ရပ်တန့်လိုက်ရတာတွေလည်း အများကြီးပဲ။

စာရေးသူဘက်က အဲ့လိုမလုပ်ဖို့သွားပြောရင် လူလိုသိပြီး အမှားတောင်းပန်ပြီးပြန်ဖျက်ပေးလိုက်လေ။စာရေးသူတွေကို သူခိုးကလူပြန်ဟစ်တော့ စာရေးသူတွေစိတ်ဆိုးကြတာမှားလား။

ကိုယ်သာဆိုလည်း စာဆက်ရေးဖို့အစား ရပ်နားလိုက်ဖို့ကိုပဲ ဆုံးဖြတ်မှာ။ဒီလိုလူမျိုးတွေက စည်း ဆိုတာ ဘာမှန်းရောသိရဲ့လားမသိ။သင်ပေးမဲ့သူပဲမရှိကြတာလား သင်ပေးခဲ့ရင်တောင် နားထဲမ၀င်ကြတာလားဆိုတာ သူတို့ကိုယ်တိုင်ပဲပိုသိမှာပေါ့။

ကိုယ်ကတော့ နေရာတကာစည်းထားလွန်းလို့လားမသိဘူး။ အဲ့လိုစည်းကျော်တဲ့လုပ်ရပ်မျိုးလုပ်လာရင် အသိပေးတာတောင်မှမျက်နှာပြောင်ဆက်တိုက်လာရင်တော့ ဂျောင်းပဲ။သူငယ်ချင်းအကန့်တွေတောင် အကုန်ဖြတ်ပစ်တာ။Paid တွေလည်း အကုန်၀င်ထားတာပဲ။ဒါပေမဲ့ ဘယ်တော့မှ စာရေးသူတွေကိုကျော်ပြီး တစ်ခါမှမတင်ပေးခဲ့ဖူးဘူး။

ခေတ်ကြီးကိုက ဟီရိသြတ္တပ တရားတွေနည်းလာတဲ့ခေတ်။မိဘကိုမိဘမှန်းမသိ အကြီးကိုအကြီးမှန်းမသိ အငယ်ကိုအငယ်မှန်းမသိ ဆရာတွေသံဃာတွေကိုလည်းမသိကြ။ကြမ်းပိုးကိုလိပ်လုပ်ပြီး သူတို့ဘဲအမှန် သူတို့ပဲအတတ်။အဲ့လိုလူမျိုးကို စေတနာနဲ့သွားပြောရင် တစ်ဖက်ပိတ်တစ်ဇောင်းနင်းတွေနဲ့ သူကအမှန် စေတနာနဲ့သွားပြောတဲ့ ကိုယ်တွေကပဲအမှားဆိုပြီး ပန်းနုသွေးလုပ် ရန်ပြန်တွေ့တော့တာ။အဲ့လိုလူတွေပိုများလာတယ်။ဦးနှောက်ဘဲ မပါလာကြတာလား အသိဉာဏ်ပဲမရှိကြတာလား တရားပဲမရှိကြတာလား ဒါမှမဟုတ် သိသိကြီးနဲ့ပဲလုပ်နေတာလားတော့ မပြောတတ်တော့ပါဘူး။တစ်ကယ်စိတ်ကုန်ဖို့ကောင်းတယ်။

သူတို့လုပ်ရပ်က စာရေးသူတွေကို စာဆက်ရေးဖို့စိတ်ကုန်စေသလို တကယ့်အမာခံပရိသတ်တွေလည်း စာရေးသူထပ်မတင်တော့ရင် အများကြီးနစ်နာသွားနိုင်တယ်ဆိုတာကိုလည်း ထည့်တွေးပေးသင့်တယ်။အဲ့လိုလူတွေ အသိဉာဏ်၀င်ပြီးပပျောက်သွားပါစေလို့ပဲ ကိုယ်ဆုတောင်းတယ်။

(ဒါလေးက ပုဖန်ကို ongoing မှီတာနဲ့ တင်ပေးမှာပါ)

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora