အပိုင်းတစ်ဆယ့်ခုနှစ်

Start from the beginning
                                    

*ကလေးငယ်...*

*သူတို့ကိုကြည့်ရတာပျော်နေပုံဘဲ....*

*အချုပ်နှောင်ကင်းပြီးလွတ်လပ်နေတဲ့ ကြယ်လေးတွေက အရမ်းကိုတောက်ပလွန်းတယ်....*

ဂျောင်ဂုကိုလျစ်လျုရှုပြီးတယောက်ထဲပြောနေတဲ့ဂျီမင်ကပြုံးယောင်သန်းနေသည် ။သို့ပေမယ့် အရည်ကြည်တွေသိုလှောင်ထားတဲ့မျက်ဝန်းကိုတော့ ဂျောင်ဂုမြင်နိုင်မှာမဟုတ်ပေ။

*ကလေးငယ် ကရောသူတို့လိုဘဲလွတ်လပ်ချင်လား...*

*အဲလိုလုပ်ရင် ကိုကိုကလွှတ်ပေးမှာလား....*

*ကလေးငယ် မပျော်တော့ဘူးလား ကိုကိုနဲ့နေရတာ...*

*အင်း....*

နှုတ်ခမ်းသားကိုစေ့ပိတ်ထားပြီးခံတွင်းသံနဲ့ပြန်ဖြေလိုက်သည်။သူ မပျော်တာထက်စိတ်ပင်ပန်းနေတယ်။ဘယ်သူနဲ့မှလည်းစကားမပြောချင်သလို၊ဘာမှလည်းမလုပ်ချင်ဘူး။တယောက်ထဲ ငေးချင်ရာငေး၊တွေးချင်ရာတွေးနေမိတယ်။

ကိုကိုနဲ့ဖေဖေကြီးကတော့ သူ့ဆီအမြဲလာပြီးချော့မြူလေ့ရှိတယ်။နောက်ပြီးခွင့်လွှတ်ပေးပါလို့လည်းအထပ်ထပ်တောင်းပန်ကြတယ်။သူ ဘယ်လိုလုပ်ရမလဲဆိုတာ အခုထိမဆုံးဖြတ်ရသေးဘူး။

*ကလေးငယ်ကကြယ်ကလေးတွေတောက်ပနေတာဘဲမြင်တာကို.. တကယ်တမ်းသူတို့အထီးကျန်နေတာကိုကျ ကလေးငယ်မသိဘူးမလား...*

*တယောက်ထဲနေရတာလွတ်လပ်တယ်လို့ထင်ရပေမယ့် ရင်ဖွင့်ဖို့၊ပျော်စရာတွေဝေမျှဖိူ့၊ဝမ်းနည်းတဲ့အချိန် ငိုဖို့ဆိုရင် လုံခြုံတဲ့ရင်ခွင်တခုတော့လိုအပ်တယ် ကလေးငယ်..*

*ကိုကိုနဲ့‌ေဝးရာကိုထွက်သွားဖို့ဘာလို့တွေးရတာလဲကလေးငယ်...*

*ကလေးငယ်မရှိရင် ကိုကိုသေနိုင်တယ်ဆိုတာ မသိလို့လား...*

တုန်ရီလာတဲ့အသံကြောင့် ကိုကိုငိုနေပြီဆိုတာသူသိတယ်။ဒါပေမယ့် သူလှည့်မကြည်ဘူး။ကိုကို့မျက်ရည်တွေကိုမြင်ရင် သူဒီထက်ပိုပြီးခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ။ဒီတခါတော့ ဘယ်သူ့ကိုမှမငဲ့ကွက်ဘဲ တစ်ဖို့တည်းကြည့်ပါရစေ။

ကတိ(Completed)Where stories live. Discover now