ကျန်းကျိရင် Item Store မှ ငါးအရသာ ခရမ်းသီးနှပ်ထမင်းတစ်ပွဲဝယ်လိုက်ပြီး နံရံကိုမှီ၍ စားလိုက်သည်။ သူ၏ အိတ်ကပ်ထဲမှ ကြောင်ကလေးကို လုံးဝ မေ့သွားခဲ့မိသည်။ 

ထိုအခိုက်အတန့်တွင် ချက်ချင်းဆိုသလို ယင်ရှောက်ရှန်းလေးသည် ဘောင်းဘီအိတ်ကပ်ထဲမှ ခဲရာခဲဆစ် ကုတ်ကပ်ထွက်လာလေသည်။ သူသည် ကျန်းကျိရင်၏ လက်ပေါ်ထိ ရောက်အောင် တွယ်တက်သွားပြီး ကျန်းကျိရင်လက်ထဲမှ ထမင်းပန်းကန်ကို ကြည့်သည်။ ကျန်းကျိရင် ကြောင်အအဖြစ်သွားပြီး ကြောင်ကလေးကို ပုတ်ပေးသည်။ 

“မင်းလေးက ကြောင်လေကွာ ခရမ်းသီးနဲ့ ထမင်းက မင်းစားလို့ရတာ မဟုတ်ဘူး” 

တကယ်တမ်းတွင် ကြောင်တစ်ကောင်ကို ဘာကျွေးရမည်ကို သူမသိပေ။ 

ယင်ရှောက်ရှန်းက ညည်းတွားသလို ဆွဲဆွဲငင်ငင် အော်သည်။ ကျန်းကျိရင်၏ ဆန့်ထားသော လက်သန်းကလေးကို စတင်ပြီး စုပ်ပါတော့သည်။ ကျန်းကျိရင် မျက်နှာကြီးမည်းသွားသည်။ 

‘ဒီကလေးက အခုမှ နို့ဖြတ်ထားကာစလေးလား’

သူ၏ လက်ချောင်းကို မြန်မြန်ဆွဲဖယ်လိုက်ပြီး အာရုံအလုံးစုံကို Item Store ဆီသို့ ထည့်လိုက်သည်။ 

‘လုံလောက်ပြီ’ 

Item Store တွင် high-grade တိရစ္ဆာန်အစာများ ရောင်းလေသည်။ Item Storeတွင် ရှိသော ထုတ်ကုန်အများစုမှာ အဆင့်မြင့်ထုတ်ကုန်များသာ ဖြစ်သည်။ ဤအစားအစာများကို စားပြီး ကြီးပြင်းလာမည့် အိမ်မွေးတိရစ္ဆာန်များသည် မြန်မြန်ကြီးထွားနိုင်ပြီး အဆင့်မြင့်စွမ်းရည်များ နိုးထလာနိုင်သည့် အခွင့်အရေးပိုရှိနိုင်သည်။ မွေးကာစ ကြောင်ကလေးများအတွက် အစာမှာ ပင်လယ်ငါးဟင်းရည်နှင့် နို့ဖြစ်သည်။ 

ဤအရာများ သိပ္ပံနည်းကျမကျ ကျန်းကျိရင် စိတ်မဝင်စား။ ဤနေရာသို့ သူရောက်လာသည်ကကို ထူးဆန်းနေပြီဖြစ်ရာ <Tomorrow> ကမ္ဘာကြီးတစ်ခုလုံးတွင် Item Store သည်သာ အမြင့်ဆုံး တရားစီရင်နိုင်သူ ဖြစ်လေသည်။ 

ကြောင်စာများကို မြန်မြန်ဝယ်လိုက်ပြီး ရောက်လာသည်နှင့် ယင်ရှောက်ရှန်းသည် ကြောင်စာများကို မြင်သည်နှင့် အရှိန်နှင့် ပြေးဝင်လာသည်။ ရလဒ်ကတော့ စားပြီးသည်နှင့် ဆက်တိုက် “အောင်းဝ် အောင်းဝ်” အော်နေတော့သည်။ ကျန်းကျိရင် ကြောင်ကလေးကို ဆတ်ခနဲပွေ့လိုက်ပြီး စိတ်ပူစွာ စစ်ဆေးကြည့်မိတော့သည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now