အိမ်ထဲတွင် သွေးချောင်းစီးနေသည်။

တစ်ပိုင်းတစ်စဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပွစာကျဲနေပြီး အိမ်ရဲ့နေရာတိုင်းတွင် သွေးများစွန်းထင်းနေသည်။၅၀ နီးပါးရှိသော လူများတွင် အသက်ရှင်သောလူဟူ၍ တစ်ယောက်ပင်မရှိခဲ့။ အမှတ်မထင် ပြုလုပ်လိုက်သောအရာမှာ ထိုအရာပေါ် သက်ရောက်နေသော လေပြေညှင်းရဲ့ မျက်ဝန်းများကို ပိတ်စို့ပစ်လိုက်ခြင်းသာ။

" မကြည့်နဲ့ အဲ့ကိုမကြည့်နဲ့ "

" ဘာဖြစ်တာလဲ "

" မကြည့်တာ ပိုကောင်းတယ် "

" ကိုဆင့် ? "

" ပြန်ရအောင် "

" ဒါပေမယ့် ဦးလေးကော "

" ပြန်ရအောင် ကိုဆင့်စကား နားထောင်စမ်းပါကွာ "

အိမ်ပြန်နေသည့်လမ်းတွင် ယွန်းဟေမီဆီက ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ပြီး ပုံမှန်မေးခွန်းများကို ပြန်ဖြေနေရလေသည်။

" ကျွန်တော်တို့အခုပြန်လာပါပြီ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့ "

အိမ်ပြန်ရောက်ရောက်ခြင်း ယွန်းဟေမီက စိုးရိမ်နေတဲ့မျက်နှာနဲ့စီးကြိုလာကာ ပြဒါးရံက ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။

" မျက်နှာလဲမကောင်းကြဘူး ဘာဖြစ်လာကြတာလဲ။ ရုတ်တရက်ကြီး အိမ်ကပျောက်သွားလို့ စိတ်ပူနေတာသွေးတွေက ဘယ်ကပေလာကြတာလဲ "

" မမ....ကိုကိုမရှိတော့ဘူး "

" ရှင်းကိုပြောတာလား ဘယ်သွားလို့လဲ "

" သေသွားတာ "

လေပြေညှင်းမပြောနိုင်သော စကားကို ဆင့်က ကူပြောပေးလိုက်ပါသည်။

‌ငိုရန်မစွမ်းသာသော မျက်နှာထားနဲ့အတူ ဆင့်က အခန်းထဲ အလောတကြီး ဝင်သွားခဲ့ပြီး လေပြေက ယွန်းဟေမီဆီက နှစ်သိမ့်မှုကိုခံယူရင်း ကျန်ရစ်ခဲ့သည်။

" ဒေါက်.....ဒေါက် "

တစ်ချက်ချင်းထွက်ပေါ်လာသော တံခါးခေါက်သံသည့် ဆင့်ရဲ့ အခန်းရှေ့မှ တရက်ဆက်ထွက်လာနေသည်မှာ အချိန်အတော်ကြာအထိ ရပ်တန့်မသွားခဲ့။ နောက်ဆုံး တံခါးခေါက်နေသူပြန်သွားသည်ဟု သံသယစိတ်လေးဝင်လာချိန်တွင် ရင်းနှီးနေကျအသံလှိုင်းက တိမ်ယံဆင့်၏ ရင်ခွင်ကို နှစ်သိမ့်နေခဲ့သည်။

Hate Poem Written With Love࿐Tempat cerita menjadi hidup. Temukan sekarang