သို့သော် မူလအဆင့်ထောင်ချောက်များကတော့ သန္ဓေပြောင်းယုန်ကဲ့သို့သော မူလအဆင့်များကိုသာ ဖမ်းနိုင်လေသည်။ အိမ်မွေးတိရစ္ဆာန်ထောင်ချောက်များကို အသုံးချသည့် နည်းလမ်းကတော့ အတော်လေး လွယ်လေသည်။ ကစားသမားများ တစ်နေရာရာတွင် ထောင်ချောက်ကို ချထားလိုက်ရန်သာ လိုအပ်သည်။ ငါးမိနစ်အတွင်း ဂိမ်းမှ “ဖမ်းဆီးခြင်းအောင်မြင်ပါသည်” သို့ “ဖမ်းဆီးခြင်းကျရှုံးပါသည်” ဟူသည့် စာမျိုး ပို့လာမည်ဖြစ်သည်။ 

သူတို့ ဖမ်းမိသော အိမ်မွေးတိရစ္ဆာန်ကိုလည်း ကြည့်နိုင်သည်။ အခြေခံကျကျပြောရလျှင် ကစားသမားများ မည်သည့်အိမ်မွေးတိရစ္ဆာန် ဖမ်းမိသည်ဆိုသည့် အချက်မှာ ကစားသမားများ ရောက်ရှိနေသည့် တည်နေရာအပေါ်တွင် မူတည်ပေသည်။ 

အကယ်၍ ထောင်ချောက်ကို နဂါးမျိုးတုံးချိုင့်ဝှမ်းတွင် သုံးလိုက်မည်ဆိုလျှင် ထောင်ချောက်က နဂါးမျိုးတုန်းချိုင့်ဝှမ်းမှ မွန်းစတားများကိုသာ ဖမ်းပေးလိမ့်မည်။ ဤသို့သော အဆင့်မြင့်မကောင်းဆိုးဝါးဆန်လှသော နေရာမျိုးတွင် သေချာပေါက် မူလအဆင့်ထောင်ချောက်သုံးလျှင်ပင် တစ်ကောင်ကောင် ဖမ်းမိမည်ဖြစ်ကြောင်း ကျန်းကျိရင် နားလည်သည်။ ထို့အပြင် သူသည်လည်း သေချာပေါက် အောင်မြင်မည်ဟု မျှော်လင့်ချက်နည်းနည်းလေး ထားထားသည်။ 

သူသည် လက်ထဲတွင် ထောင်ချောက်ကို ကိုင်ထားပြီး နေ့တစ်ဝက်ကြာအောင် လေ့လာနေခဲ့သည်။ ထောင်ချောက်ဆင်ခြင်းသည် ဂိမ်းထဲမှာတုန်းကကဲ့သို့ right click ခေါက်လိုက်ရုံမျိုးလို မရိုးရှင်းလှပေ။ 

ရလဒ်ကတော့ သူဘာထိလိုက်မိသည်မသိ ထောင်ချောက်က ရုတ်တရက် လေချွန်သံလိုမျိုးထွက်လာပြီး သူ့လက်ထဲမှ ပျံထွက်သွားသည်။ 

ပျံထွက်သွားတယ်.... 

သားရဲထောင်ချောက်က ဂူအပြင်ဘက်သို့ ပျံထွက်သွားရာ ကျန်းကျိရင် သေလောက်အောင် လန့်သွားသည်။ သူ့အတွေးမှာ 

‘တကယ့်ကို Item Store က ထုတ်ကုန်ပဲ တကယ့်ကို သာမန်မဟုတ်ဘူး’ 

ငါးမိနစ်ကြာပြီးနောက် ထောင်ချောက်က မြောက်ကြွမြောက်ကြွနှင့် ကြောင်တစ်ကောင်သယ်ပြီး ပြန်ရောက်လာသည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now