"အဆင်ပြေပါတယ် သက်ပိုင်...."

မကြာသေးခင်ကပင် လောင်မြိုက်တောက်ကျွမ်းနေသော
စိတ်တို့ဟာယခုအချိန်၌ ဘယ်ဂျောင်ကိုများခိုကပ်ကုန်ကြပါသနည်း။
သူ၏လက်ချောင်းများကိုဆုပ်ကိုင်လာသော ခပ်ကြမ်းကြမ်းလက်တစ်စုံဟာမည်မျှတောင်နွေးထွေးလိုက်ပါသလဲလေ။

လည်ချောင်းတွင်
တစ်ဆို့လာမှုနှင့်အတူ သူ၏အမြင်အာရုံအား အရည်ကြည်အချို့က
လာရောက် ကာစီးကြကုန်၏။

စိတ်ဟာအေးချမ်းသွားသော်လည်း
နှလုံးသားဟာပင်ပန်းနေခဲ့သည်။

"မငိုနဲ့လေအသက်"

ပါးပြင်ပေါ်သို့စီးကျလာသောမျက်ရည်စီးကြောင်းတို့ကို လက်မဖြင့်ဖိသုတ်ပေးရင်း အနှီကလေးငယ်အားအငိုတိတ်ရန်ချော့မိသည်။
နံဘေး၌ မေ့မျောနေသောလူတစ်ယောက်ထက်ကို
သူ၏ချစ်ရသူငိုသည်ကပိုမို၍အရေးတကြီးဖြစ်နေခဲ့သည်။

"လေးလေးငယ်....ကျွန်တော်..."

သက်ပိုင် သူ၏အရှေ့မှ လေးလေးငယ်အား ဖက်တွယ်မိတော့ လေးလေးငယ်ဟာသူ့အားပြန်လည်၍ ထွေးပွေ့လာ၏။

ထို့နောက်သူ၏ကျောပြင်အားပုတ်ပေးရင်း

"အဆင်ပြေသွားမှာပါ...စိတ်ကိုလျှော့...လေးလေးငယ်ရှိတယ်"

ယနေ့ မိုးအုံ့သည်....
အုံ့စိုင်းနေသောတိမ်စိုင် တိမ်ခဲတို့နှင့်အတူ
သူ၏ကောင်လေးငယ်၏စိတ်တို့ဟာလည်း ရှုပ်ထွေးမှိုင်းညှို့ခဲ့၏။

*******

"အကိုမျိုးဆက်ကရော"

ခပ်တိုးတိုးပေါ်ထွက်
လာတဲ့မေးခွန်းဟာ
နံဘေးရှိ အကောင်ပေါက်ထံမှ။
အခုမှငိုရတာမောသွားသည်ထင်ပါရဲ့ သူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်ရင်း မြေပြင်ကိုသာစိုက်ကြည့်နေလေရဲ့။

"စက်လင်းလျှံကိုလာကြိုခိုင်းလိုက်တယ်"

ထိုအခါ
"အော်...."ဟုသာတစ်လုံးပြော၍ ပြန်လည်တိတ်ဆိတ်သွားပြန်၏။

"လေးလေးငယ်"

"အင်း"

"ကျွန်တော့်ကြောင့်လား"

မေးလာသည့်မေးခွန်းဟာ အစနှင့်အဆုံးဟူ၍မရှိ။
စိုင်းနားမလည်သည့်ဟန်နှင့် ခေါင်းအားစောင်းလိုက်ရင်း

In Love With An Old Mafia(Complete)Where stories live. Discover now