အလွန်ဆုံး လမ်းလျှောက်ရ လမ်းတစ်ပြသာ။

ကလျာမွန် သည် နေ့လယ် ခင်းဆို အိမ်မှာ မရှိတတ်။အလည်လွန်သော အိမ်မြှောင်လို ဘယ်ချောင်မှာ ကပ်နေသည် မသိ။သူ မရှိတော့ ကိုးနောင်တို့ ညီအစ်ကို လွတ်လပ်သည်။စနေ တနင်္ဂနွေ အားလပ်ရပ်တိုင်း ဘုန်းကြီးကျောင်းထဲ လာဆော့ကြသည်။

ကိုးနောင် တွင် သူငယ်ချင်း မရှိ။သူ ပုံစံက အနေတည်က အေးတိအေးစက်နိုင်လွန်း၍ သူ့ကို ရှိန်ကာ အပေါင်းသင်း မလုပ်ကြ။ပြီး ကိုးနောင် အရပ်က အသက်ထက် ပို မြင့်နေ၍ ရွယ်တူကလေးများက ကြောက်ကြသည်။သူ့ကို အတန်းကြီးက အမကြီးတွေကတော့ "မောင်လေးက ချစ်စရာလေး" ဆိုပြီး ပါးဆွဲ ဖဲ့ကြသည်။မျက်မှောင်ကုတ်လိုက်ရင်တော့ လက်ပြန်ရုတ်သွားကြသည်။

ဆတ်နွယ်လည်း ကိုးနောင်လို အပေါင်းသင်းမရှိ။ဆတ်နွယ် က လူကြောက်တတ်ပြီး စကားနည်းသည်။ကျောင်းမှာ ဆတ်နွယ် က အနိုင်ကျင့်ခံလို။သို့သော် ဆတ်နွယ်က တိုင်လည်း မပြော။ဘယ်သူမှလည်း ပြောမပြ။ငြိမ်ပြီး ခံသည်။

သို့သော် မာန်သွေးရောင် ကျောင်းပြောင်းလာသောအခါ အခြေအနေ ပြောင်းပြန်လှန်သွားသည်။မာန်သွေးရောင်က ဆတ်နွယ် သူငယ်ချင်း ဖြစ်သည်။အခြားကလေးတွေက ဆတ်နွယ် နဲ့ ပေါင်းရင် သူတို့နဲ့ လာ မပေါင်းနဲ့ လို့ ရာဇသံ ပေးတာတောင် လက်ခလယ် ထောင်ပြီး ဆတ်နွယ် ဆီ သာ လာကပ်နေသော သူ ဖြစ်သည်။

"မင်း အစ်ကို က ချောလို့လေ ဟီး ဟီး" မာန်သွေးရောင် ရဲ့ Honest reaction ဖြစ်သည်။

ဆတ်နွယ်နဲ့ ကိုးနောင် ရဲ့ နေ့လယ် ထမင်းစားဆင်းချိန် ချိုင့်ဖွင့်လျှင် ပဲပြုတ်နဲ့ ကြက်ဉ ကလွဲ ဘာမှ မပါ။တစ်ခါတစ်လေ ဘာဟင်းမှ မပါ။သူ တို့ကို ချက်ကျွေး ဂရုစိုက်ပေးမဲ့ သူမရှိ။

ထိုအခါ မာန်သွေးရောင် ထမင်းချိုင့်ထဲက ဟင်းတွေ တစ်ဝက်ခွဲ စားကြသည်။မာန်သွေးရောင်ကမူ သရေစာတွေပဲ လျှောက်စားသည်။

အပြန်လှန်အနေနှင့် ကိုးနောင်က အငယ်နှစ်ကောင်ကို စာ ပြန် သင်ပေးသည်။

အားလုံးထဲမှာ မာန်သွေးရောင်က သူ့အိမ်မှာလည်း အငယ်ဆုံးဖြစ်သည့်ပြင် သူတို့ ညီအစ်ကို ကြားမှာလည်း အငယ်ဆုံးမို့ နွဲ့ဆိုး မတရား ဆိုးသည်။သူ မကျေနပ်လျှင် ခြေဆောင့် စိတ်ကောက်တတ်သည်။သို့သော် တစ်ယောက်မှ ပြန်မချော့ကြပါ။သူဟာသူ စိတ်ပြေသွားသည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now