အပိုင်းတစ်ဆယ့်ငါး

Comincia dall'inizio
                                    

*ကိုကို..!*

အခန်းတံခါးကိုခေါက်မနေတော့ဘဲ တန်းတန်းမတ်မတ်ဘဲဝင်သွားလိုက်တော့ ဗလာကျင်းဖြစ်နေတဲ့ကုတင်ထက်မှာ စောင်နဲ့ခေါင်းအုန်းကလွဲပြီးဘာမှမရှိချေ။ရေချိုးခန်းမှာများလားဆိုပြီး ‌တိတ်တိတ်လေးသွားချောင်းကြည့်တော့လည်းမရှိပေ။

*ဘယ်သွားတာလဲ..*

တယောက်ထဲတီးတိုးရွတ်နေတဲ့ဂျီမင်ကအလိုမကျဖြစ်လာတော့ မျက်နှာလေးမဲ့ကျလာသည်။မှောင်နေတဲ့ကိုကို့အခန်းလေးကို အလင်းရစေရန် ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ သူ့မျက်နှာဆီရိုက်ခက်လာတဲ့လေနုအေးလေးကြောင့် မှုန်တေတေဖြစ်နေတဲ့ကြားကပြုံးလိုက်မိသည်။

*ကလေးငယ်...*

*ကိုကို.!ဘယ်သွားနေလို့ ခေါ်တာကိုမကြားရတာလဲ..*

*လမ်းလျှောက်ထွက်သွားလို့ပါ ..*

သူ့ကိုတွေ့တာနဲ့ချက်ချင်းရန်တွေ့လာတဲ့ ကလေးငယ်ကို ပွေ့ဖတ်လိုက်ရင်းပိတုန်းရောင်ဆံနွယ်တွေကိုနမ်းရှိုက်လိုက်တော့ ငြိမ်ငြိမ်လေးနေပေးသည်။သူ့ရဲ့လှပတဲ့မုသားကို ကလေးငယ်ကယုံသွားပြီး ဘာမှထပ်မမေးတော့ပေ။ထိုမှသာ သူအသက်ရူချောင်တော့သည်။

‌ဖေဖေရဲ့စာဖတ်ခန်းထဲမှာလို့ပြောလိုက်ရင် ဘာသွားလုပ်တာလဲဆိုပြီးမသိရမချင်းစစ်မေးတော့မှာလေ ။အဲခါကျရင် သူကလည်းမလိမ်ချင်တာနဲ့အားလုံးဖွင့်ပြောမိမှာ။

အခုလိုလေးသူ့စကားကိုနားထောင်တဲ့ကလေးငယ်ကိုသနားလာသည်။ဒါပေမယ့်လည်းအဖြစ်မှန်ကိုမသိရခင်အထိတော့ ဆက်ပြီးလိမ်ထားပါရစေ ကလေးငယ်။

*ဖေကြီးကိုလည်းမတွေ့ဘူး..*

*ဖေဖေနဲ့မေမေက မြို့တော်ဝန်‌ေဟာင်းနဲ့သွား‌ေတွ့တယ်။ကိစ္စရှိလို့‌ဆိုပြီးပြောသွားတာဘဲ...*

*ဪ...*

ကလေးလိုမျိုးစပ်စုနေတဲ့ဂျီမင်ကကိုကို့ရင်ခွင်ထဲကနေခေါင်းလေးမော့ကာ ရယ်ပြလာသည်။
ချစ်ရည်ရွှန်းလဲ့‌ေနတဲ့ မူပိုင်မျက်ဝန်းလေးနဲ့ကိုကို့ကိုညှို့ယူလိုက်တော့ နှာခေါင်းထိပ်ချင်းထိစပ်လာပြီးသူ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလာသည်

ကတိ(Completed)Dove le storie prendono vita. Scoprilo ora