လမင်းနဲ့ ဟန်လျှမ်းမှာ  သင်္ကြန်သွားလည်ဖို့ ကိုကြီးဆိုင်ဟန် ဝယ်ပေးထားတဲ့ အဝတ်အစား အသစ်တွေနဲ့  အဆင်သင့် ပြင်ကာ
၉နာရီမှ လာခေါ်မည့် ခန့်စေတို့အား စောင့်နေကြ၏။
မနက် ၇နာရီကတညျးက အိမ်ရောက်လာတဲ့ ဟန်လျှမ်းက မနေ့ညနေကမှ လမင်း ပြောပြလိုက်တဲ့ ရေလာလောင်းသည့် ကိစ္စအား အခဲမကြေစွာ မေးမြန်းနေသည်မှာ  သူ ရေအလောင်းမခံရလို့ မှန်း သဘောပေါက်လိုက်၏။
သန့်စင်ထွန်း ပါမလာလို့ နှာကစ်နေတာ။ ပါလာလည်း မလောင်းရင် သူဘာတတ်နိုင်တာ ကြလို့။ 

"သားလေးရေ သားစေ ဖုန်းဆက်လာတယ် ! "

အမေ့ခေါ်သံကြောင့် သပြေပင်အောက် ထိုင်နေသော လမင်းမှာ အိမ်ပေါ် အမြန်ပြေးတတ်လာလိုက်သည်။ ဟန်လျှမ်းကလဲ အနောက်က ပြေးလိုက်လာ၏။

"ရော့  သားနဲ့ပြောအုန်းမယ်တဲ့ "

"ဟုတ် "

အမေကတော့ အခုထိ ခန့်စေ လမင်းကို ပိုးပန်းနေတဲ့အကြောင်း မရိပ်မိသေးပေမယ့် အမေ့ဆီကနေတဆင့် လမင်းကို ခေါ်ခိုင်းတော့
အနည်းငယ်တော့လိပ်ပြာမလုံသလိုနေရခက်လှ၏။
အမေပေးလာတဲ့ ဖုန်းလေးကို ယူကာ အိမ်အောက်ပြန်ဆင်းလာတော့လည်း ဘေးမှ ဟန်လျှမ်းက လမင်းပုခုံးကို ဖက်ကာ ဖုန်းနားကပ် နားထောင်ပြန်၏။

.."လမင်း .."

.."အင်း ..."

" အိုက်လမင်းသာ! စပီကာ ဖွင့်စမ်းပါ မင်းကလဲ ! "

ဟန်လျှမ်းက ပါးစပ်ကလည်း ပြောကာ လက်ကလဲ လမင်း လက်ထဲမှ ဖုန်းအားယူပြီး စပီကာ ဖွင့်လိုက်၏။

..." ဘေးနားက ဟိုကောင် ဂျပု ရဲ့ အသံမလား "

"ဟုတ်တယ်  အိုက်လျှမ်းလည်း အိမ်မှာရောက်နေပြီ "

... " မောင် လာခေါ်ရတော့ မလား "

"အင်း  "

.."မြို့ထဲမှာ ရေတွေပတ်နေပြီ  အရမ်းအေးနေမယ် လက်ရှည်ဝတ်မှ အဆင်ပြေမယ်နော် "

"အင်း ဝတ်ထားတယ် "

"ဟိုလေ ခန့်စေထွဋ်နောင် ငါပါ စိုင်းဟန်လျှမ်း ! "

.."ပြော "

*သူတောင်းစား ငါ့သူငယ်ချင်းနဲ့ကျ မောင် မောင်နဲ့ အသံကိုက
ငါ့ကျ ဆောင့်အောင့်ပြီး   အဖြေမရပါစေနဲ့။ *

ချစ်ချင်လို့ ချစ်တာ ( Complete)Donde viven las historias. Descúbrelo ahora