ဇနမျက်လုံးမှမျက်ရည်တို့ကျလာပြီးနှိုင်းကိုကြည့်လျှက်ပြောနေသည်။
"ဇနသော်တာ မင်းငြိမ်ငြိမ်လေးနေလိုက်"
အေးစက်စက်အသံနှင့်နှိုင်းပြောလိုက်ပြီး ဦးမဂ္ဂရဲ့ရှေ့မှာ ဒူးထောက်ချလိုက်
တစ်ချိန်ထဲမှာပဲသူ့ကြောင့်ဒူးထောက်တဲ့နှိုင်းကို ဇန မျက်ရည်အပြည့်နှင့်ကြည့်နေကာ
"ဘာလို့အဲ့လိုလုပ်တာလဲမလုပ်ပါနဲ့ဦး!"
ွဦးမဂ္ဂကလဲ နှိုင်းလုပ်တာကိုစိတ်ကျေနပ်စွာကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်ပေတော့သည်။
"ဟားဟားဟား top1 စီးပွားရေးသမားကြီးက ကျုပ်ရှေ့ဒူးထောက်တယ်တဲ့ကွာ!ဟားဟား"
ထိုအချိန်အပြင်ကဝေယံတစ်ယောက် ဂိုလ်ထောင်အတွင်းကထွက်လာတဲ့ဦးမဂ္ဂရဲ့သားကိုမြင်လိုက်တာကြောင့်ချောင်းကာအနားကပ်သွားပြီး အနောက်ကနေ့ချုပ်ကာ ဝေယံမှာပါတဲ့သေနတ်နှင့်ထိုကောင့်ခေါင်းကိုချိန်လိုက်သည်။
"မင်းမသေချင်ရင်ငါနဲ့လိုက်ခဲ့"
ထိုသို့ဝေယံဆိုပြီးနောက်
"ဟေ့ကောင်မင်းဘာလုပ်တာလဲလွှတ်စမ်း"
"သေချင်လို့လား!"
ဦးမဂ္ဂရဲ့သားငြိမ်ကုတ်သွားပြီးနောက်ဝေယံ ထိုကောင့်ခေါင်းကိုချိန်လျှက်သား အထဲသို့ဝင်လာခဲ့ပြီး အစောင့်တွေကိုဖြတ်ကာအထဲသို့ဝင်လာခဲ့သည်။
"အဖေ! သားကိုကယ်ဦး!!"
ထိုအသံကြားတာနှင့်နှိုင်းရောမဂ္ဂရောအထဲဝင်လာတဲ့သူတွေကိုကြည့် လိုက်၍
"ဝေယံ"
"မင်းငါ့သားကိုလွှတ်စမ်း!!!"
ဝေယံကနှုတ်ခမ်းတွန့်ရုံပြုံးပြီး
"သခင်လေးဇနကိုအရင်လွှတ်ပေးလိုက်!!!!!မဟုတ်ရင်ခင်ဗျားသားကိုကျုပ်သတ်လိုက်မှာ!!"
နှိုင်းလဲ ပြုံးလိုက်ပြီးဒူးထောက်နေရာမှထလိုက်သည်။
"လွှတ်ပေးမယ်! ငါ့သားကိုမထိနဲ့"
ဦးမဂ္ဂသူ့တပည့်တွေကိုဇနအားကြိုးဖြေစေခိုင်းလိုက်ပြီးနောက်ဇနလဲ နှိုင်းဆီပြေးလာကာနှိုင်းရင်ခွင်ထဲဝင်လူလိုက်သည်။
part41
Zacznij od początku