Unicoad
မနက်ခင်းလေး
ကျနော်မနေ့ကိစ္စကို ရှက်လွန်းလို့ စိတ်တွေတောင်ညစ်ပါတယ် အိမ်ဖော်မလေးတွေကလည်းကျွန်တော့ကိုကြည့်ပြီးတီးတိုးတီးတို့နှင့်ရီနေကြသေးသည်
ဦးလဲ ရောက်လာရောအကုန်လုံးခနကသူတို့မဟုတ်သလိုနဲ့ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေကြသည်
ဦးက သူ့ရဲ့အမေ အခန်းအားဝင်သွားသည် ကျနော်ကတော့ တံခါးနားကနေ့လှမ်းကြည့်နေတော့သည်
"လူနာက လုံးဝကုလို့မရတော့ဘူး ပြင်ဆင်ထားပါ"
"အင်း ဒါဆို မင်းလဲ လာစရာမလိုတော့ဘူး ကုနေလဲရှင်မှာမှမဟုတ်တော့တာ"
"ပြောရက်လိုက်တာ ဒါဆိုလဲ သွားတော့မယ် စိတ်မကောင်းပါဘူး"
Doctor မလည်းထွက်သွားပြီ ဦးက သူ့အမေကိုခနကြည့်နေပြီးမှ အပြင်ထွက်လာသည်
"ကျူရှင်သွားတော့လေ နောက်ကျမယ်"
"ဦးဒီနေ့မသွားလို့ရမလား"
"ဘာလို့လဲ အကြောင်းပြချက်က"
"ဦးဒီနေ့စိတ်အခြေနေမကောင်းဘူးထင်လို့ ကျနော်ဦးကိုအဖော်ပြုပေးမယ်လေ"
"ကျူရှင်ပဲသွားကိုယ်အဆင်ပြေတယ်"
္"ဟုတ်ဒါဆိုကျနော်သွားလိုက်တော့မယ်ဗျ"
ဦးကခေါင်းပဲ ညိမ့်ပြ ပြီး သူ့အခန်းသို့သူသွားတော့သည်
.
.
.ကျနော် အိမ်ပြန်ရောက်တော့ အိမ်မှာအိမ်ဖော်ကလွဲ ပြီးမည်သူရယ်လို့မရှိ ဦးအမေ ကလဲ ကုတင်ပေါ်မှာမရှိတော့ မဟုတ်မှသူမသေ သွားပြီ ထင်ပါရယ့်
ကျနော့်ရဲ့ ဖုန်းကိုဖွင့်လိုက်ပြီး ဦးရဲ့ဖုန်းနံပါတ်လေးအားခေါ်လိုက်တော့
"Hello ဦး ဘယ်မှာလဲဟင် ကျနော် အိမ်ပြန်ရောက်ပြီ"
"ကိုယ့်အမေဆုံးလို့ မြေမြုပ်သကျိုလ်နေတာ"
"ဟင် ဦး အဆင်ပြေရဲ့လား ကျနော်ဘာကူညီပေးကမလဲ"
"မင်းက အိမ်မှာပဲ စာလုပ်နေပါ ဒီအခြေအနေကြောင့်မင်း စာလုပ်ပြတ်မှာကိုယ်မလိုချင်ဘူး"