part15

6.8K 286 23
                                    

Unicoad

ဦးနှင့်အတူ meeting roomထဲသို့ဝင်လာခဲ့သည်

အခန်းအတွင်းရှိတဲ့ ရှယ်ယာရှင်အချို့က ဇနသော်တာကို စိတ်ဝင်တစားနဲ့လိုက်ကြည့်နေသည်

ဒီလောက်ပင် ချစ်ဖို့ကောင်းတဲ့ကောင်လေးဟာ ဒီလိုရေခဲတုံးနတ်ဆိုး ဥက္ကဌ နဲ့ဘယ်လိုတွေ ပတ်သတ်နေတာလဲပါစိတ်ဝင်စားကြတော့သည်
ထိုအချိန်ဝေယံမှ

"အားလုံးပဲထိုင်ကြပါဗျ"

ဇနကို နှုိင်းက သူ့ဘေးနားထိုင်ခိုင်းထားတော့ ဝေယံအတွက်နေရာမရှိသောကြောင့်ဝေယံတစ်ဦးထဲမတ်တပ်ရပ်နေရသည်
ရှယ်ယာရှင်တစ်ဦးထဲကတစ်ယောက်ကနေ့ အလုပ်နှင့်မဆိုင်သော ေမးခွန်းတစ်ခုအားနှိုင်းကို မေးလိုက်တော့

"ဥက္ကဌနှိုင်း.. သူကဥက္ကဌနဲ့ "

"ဦးဟိန်းဇော်ထက် ကျနော့ကို အလုပ်နဲ့သက်ဆိုင်တာပဲပြောပါ..အပိုစကားတွေမကြားချင်ဘူး"

ဥက္ကဌနှိုင်းရဲ့စကားတစ်ခွန်းကြောင့်အားလုံးက ဇနအကြောင်းမေးဖိူ့မဟရဲ ကြတော့ပေ

ဇနသော်တာကတော့ ဦးတို့ဆွေးနွေးနေတဲ့အလုပ်အကြောင်းကို သာ စိတ်ဝင်တစားလေ့လာနေတော့သည်

ဇနသော်တာကိုမြင်ပြီးတစ်ချို့လျှာသတ်နေတဲ့သူလဲရှိကြသေးသည်

ထိုသူတို့ကို နှုိင်းဟာဆိုရင်ဖြင့် စီးပွားပျတ်အောင်လုပ်ဖို့ ထိအနိုင်ယူနိုင်ပါသည်

မနက်၁၀နါရီကစတဲ့meeting က ၁၁နာရီ၄၅မိ နှစ်မှာ အဆုံးသတ်လိုက်ကြသည်

ရှယ်ယာရှင်များလည်းအားလုံးပြန်သွားကြ ပြီ
"ဝေယံ မြေကွက်လေ လံတင်ပွဲအတွက် ပြက်ဆင်ထားပါ ဒီနေ့ အဲ့မြေကွက်ကိုအရယူရမယ် အဓိက က ဟိန်းဇော်ထက်မရဖို့ပဲ နားလည်လား"

"ဟုတ် သိပါပြီ boss"

"အင်းသွားလို့ရပြီ"

"ဦး... ငယ်သိချင်တာရှိလို့"

"ပြောလေငယ်"

"ဦးနဲ့ ဟို ရှယ်ယာရှင်ဦးလေးကြီးနဲ့က ပြိုင်ဘက်တွေလားဟင်"

"ဒီကိစ္စတွေထားပါ..အလုပ်ကိစ္စတွေပဲစိတ်ဝင်စား အပြိုင်အဆိုင်တွေတစ်ခြားသူအကြောင်းတွေမမေးနဲ့"

Uncle And Me (House Slave Season3)Where stories live. Discover now