Unicoad
မနက် မိုးလင်းတော့ ဇန တစ်ယောက် ဘေးနားမှာရှိတဲ့တင်းတင်း မာမာနဲ့အရာကို လက်နဲ့ညစ်လိုက်မိသည်။
ဘာကြီးလဲဆိုတာထကြည့်တော့ ဦးရဲ့ရင်ဘက်ပင် ဦးရဲ့ညဝတ် အနက်ရောင်အိကျီက ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားတာကြောင့် ရင်ဘက်က ကြွက်သားတွေကို တိုက်ရိုက်ထိတွေ့နေမိသည်။
"ကိုင်လို့ပြီးပြီလား...ထတော့ ေလ့ကျင့်ခန်းလုပ်မယ်"
"အာ..အဲ ဟုတ် ထပြီး အ့ နာလိုက်တာ"
ထိထိုင်လိုက်တော့တင်ပါးမှာရှိတဲ့ကြာပွတ်ရာက ေအာင့်ခနဲ ဖြစ်သွားသည်။
"ဒီအခြေအနေနဲ့လေ့ကျင့်နိုင်ပါ့မလား...ဒီနေ့တော့ မလုပ်နဲ့မနက်ဖြန်မှ လေ့ကျင့်ခန်းပြန်စမယ်"
"ဟုတ် ဦး..ဟိုလေ ဒီနေ့က ကျောင်းမသွားလို့ရမလားဟင် နဲနဲနေမကောင်းချင်လို့"
ဆိုကာ နှုိင်းလက်အားကိုင်လိုက်ရင်း စကားဆိုလိုက်သည်။
ထိုအခါ နှုိင်းက နှဖူးကိုစမ်းကြည့်တော့ အပူငွေ့ရှိနေတာကိုသိလိုက်ပြီး
"မိသားစုဆရာဝန်နဲ့ဒီနေ့ဆေးကုမယ် ကျောင်းမသွားနဲ့တော့ ညကျမှ စာကူကြည့်ပေးမယ်"
"ဟုတ်ဦး"
.
.
.
.
နေ့လည်ခင်းလောက်မှာ ဆရာဝန်မကရောက်လာပြီး ဇနကိုဆေးလာကုပေးသည်။"အဖျားက သိပ်မရှိပါဘူး ဒီနေ့တော့ အခုပေးတဲ့ဆေးသောက်ပြီးတစ်ရေးလောက်အိပ်လိုက်တာနဲ့ပျောက်သွားလိမ့်မယ် ဆေးပေးထဲ့တယ်နော် boss"
"ဟုတ်ပြီ ဒါဆို ပြန်လို့ရပြီ"
"Bossရယ် ရောက် တုံးရောက်ခိုက်ကိုနှက်မထုပ်ပါနဲ့အုံး ကျမနဲ့ စကားလေး.."
"ကျနော်အလုပ်ရှိသေးလို့ခွင့်ပြုပါအုံး"
ဆိုကာ နှုိင်း အခန်းကနေ့ထွက်လာလိုက်သည်။
"ကျစ်ဘယ်အချိန်မှ ရှင့်အချစ်ကိုရမှာလဲ...ဟင်းး"
.
.
.
.
ဆရာဝန်မပြန်သွားတော့ ဇနဆီ့သွားကာ"ဆန်ပြုပ်ကုန်ပြီလား"
"ဟုတ်ဦး"
"အင်း ဒီဆေးသောက်ပြီးအိပ်တော့ "
"ဟုတ်ဦး"