"ဟယ်ပြည့်သက်ဝိုင်းဇော် ဘာဖြစ်လာတာလဲ"
ဆရာမ ရည်မွန်အသံကြောင့်အားလုံးအကြည့်ဟာငိုယိုကာ နားနေခန်းထဲဝင်လာသောမိန်းကလေးတစ်ဦးထံသို့ရောက်ရှိသွားကြသည်။
"ဟိုဟာမပေါ့ သမီးတင်မဟုတ်ပဲ နောက်သူငယ်ချင်းတစ်ယောက်ထပ်ထားတယ်လေ"
"ဟဲ့ နင့်တစ်ယောက်ထဲကို သူကပေါင်းရမှာလား သူငယ်ချင်းအသစ်ရတာပဲဘာဖြစ်တာမလို့ဟယ် လန့်လိုက်တာ"
ဒေါ်ထိပ်ထားဗိုလ်မှ ထိုမိန်းကလေးအနားသို့လျှောက်သွားကာဆိုလေသည်။
"လာခဲ့အော်ကြီးဟစ်ကျယ်နဲ့ နင့် ကိုးတန်းအဆောင်ကိုပြန် ဘယ်နှယ့် ငါတို့နားနေခန်းထဲလာပြီးနားပူနားဆာလာလုပ်နေတာတုန်း"
ဆရာမထိပ်ထားက သူမရှေ့ရပ်ကာပြောနေသောလဲ ထိုမိန်းကလေးမှာနေကြီးတို့နှစ်ယောက်ဘက်ကိုစိုက်ကြည့်လာပြန်သည်။
"လာလာ ပြန်တော့ဆို ထမင်းစားချိန်လဲကုန်တော့မှာ"
ဒေါ်ထိပ်ထားဗိုလ်မှဆွဲကာခေါ်သွားလေသည်။
နေကြီးလဲအဖြစ်အပျက်ကိုကြည့်ပြီး ဒေါင်းနှင်းမေအားပြန်ကြည့်တော့တခြားသူတွေလောက်ထိုမိန်းကလေး ဝင်လာသည်ကို အရေးစိုက်ပုံမပေါ်။
"ဆရာမ ကျွန်တော်အခန်းပြန်လိုက်အုံးမယ်နော်"
နေကြီးလဲလက်လေးအားကပ်ပေးအပြီးပြောတော့ ဒေါင်းနှင်းမေမှာ ကလေးသဖွယ်ခေါင်းလေးငြိမ့်ကာ "အင်း" ဟုဆိုရှာသည်။
နေကြီးလဲအခန်းပြန်ရောက်တော့ ခင်ကြီးနားသို့ဝင်ကာထိုမိန်းကလေးဘယ်သူလဲဟုမေးလိုက်တော့ ခင်ကြီးမှ
"သူလား ကင်းအောင်နေတာ အကောင်းဆုံးပဲသူနဲ့က သူက psychopathလေ"
"ဟင်"
"အင်းဟုတ်တယ် သူက နဂိုထဲကပြဿနာရှာတက်တာနေကြီးရဲ့ ဘာကြီးမှန်းလဲမသိပါဘူးဗျာ ရှောင်တာတော့အကောင်းဆုံးပဲ"
"အေးပါ"
ပြဇာတ်ကဖို့အချိန်က သုံးရက်လောက်သာရသည့်မို့ နေကြီးတို့တွေမှာ အချိန်ဇယားအရ ထမင်းစားကျောင်းလွှတ်ပြီး နောက်ပိုင်း ပြဇာတ်တိုက်ကြရသည်။
![](https://img.wattpad.com/cover/334667145-288-k621583.jpg)
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၁၆)
Start from the beginning