အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး

Start from the beginning
                                    

"ပြီးဆုံးသွားတဲ့အခါကျ လူတိုင်းက အဲဒါတွေကို မယုံတော့ဘူး။ ဒီနှစ်တွေအတွင်း တဖြည်းဖြည်း တိုးတက်လာသော်လည်း၊ ရိုးရိုးသားသား ပြောရလျှင် အနည်းငယ်မျှသာ ထိုအရာကို လုပ်ဆောင်နိုင်တယ်။ ဒီလို လုပ်ရတာကိုပဲ ကျွန်‌တော့်အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော့်မှာ တခြားစီးပွားရေးလုပ်ငန်း ရှိတယ်။ ဒါကြောင့် ဒီမှာ စီးပွားရေး မလုပ်နိုင်တာနဲ့ ပက်သက်ပြီး သိပ်စိတ်မပူဘူးရယ်။

"ဖက်တီးဝမ်က အိတ်ထဲမှ စုတ်ပြဲနေသော စာအုပ်ကို ထုတ်ယူပြီး လင်းချင်းယင်ထံသို့ ပေးလိုက်သည်-

"ဒါက ကျွန်တော့်အဖိုး ထားခဲ့တဲ့ စာအုပ်ပဲ။ ဘာမှလုပ်စရာမရှိတဲ့အခါ တစ်ခါတလေကြည့်မိပေမယ့် ကျွန်တော် အဲဒါကို နားမလည်ဘူး ဖြစ်နေတယ်။"

လင်းချင်းယင်က စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည် -

"ဒီစာအုပ်မှာ အခြေခံ ဥပဒေနဲ့အညီ ကျမ်းရေးဆိုင်ရာအချက်အလက်တွေ ရှိတယ်။ ရှင် စာအုပ်ဆိုင်မှာ ဖတ်ခဲ့တဲ့ စာအုပ်တွေထက် ပိုကောင်းပါတယ်။ ဒါပေမယ့်......"

လင်းချင်းယင်သည် ဖက်တီးဝမ်၏ မျက်နှာကို ကြည့်ကာ ခေါင်းခါလိုက်ပြီး "ရှင်က ဒီထမင်းပန်းကန်ကို စားဖို့ မသင့်တော်ဘူး။ ရှင့်ရဲ့ အက္ခရာ ရှစ်လုံးနဲ့ ဆန့်ကျင်‌နေတယ်"

(T/N: ဒီအလုပ်နဲ့ မသင့်တော်ဘူးလို့ ပြောချင်တာပါ။)

"ဟေး၊ ဆရာက အရမ်း ပွင့်လင်းလွန်းတာပဲ!" ဖက်တီးဝမ်က သူ့ပေါင်ကို ရိုက်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ် -

"တကယ်တော့ ဒီဒေသမှာ ဗေဒင်ဆရာတွေ အများကြီးရှိတယ်။ သူတို့အားလုံးက လူလိမ်တွေပါ။ တချို့က အနက်ရောင်နှလုံးသားရှိပြီး ကြောက်စရာကောင်းတယ်။ တစ်ချို့က သူတို့ရဲ့ ဖောက်သည်တွေကို အမှုကို ဖောက်ဖျက်ဖို့ ပိုက်ဆံအများကြီး အသုံးပြုကြတယ်။"

"ကျွန်တော်က အဲဒီလောက် အကြင်နာကင်းမဲ့သူ မဟုတ်ပါဘူး။ ဖောက်သည်တွေ ပျော်ရွှင်စေဖို့ စကားကောင်းလေးများသာ ပြောပေးပါတယ်။ ဒါတောင် အကြိမ်ပေါင်းများစွာ အရိုက်ခံရဖူးတယ်။ ၂ ရက် ၃ ရက်လောက်တော့ ပုန်း‌နေရတယ်။ ကျွန်တော့်မှာ ဘယ်လိုဘဝမျိုး ရှိတယ်လို့ ဆရာ ထင်သလဲ!"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now