အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး

Start from the beginning
                                    

လင်းချင်းယင်က သေမျိုးကမ္ဘာဟာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်ခဲ့သည်။ တပည့်များစွာသည် ဂိုဏ်းမှထွက်၍ ဤ‌နေရာတွင် ကျင့်ကြံခြင်းကို နှစ်သက်ကြသည်မှာ အံ့သြစရာတော့ မဟုတ်‌ပေ။

စား‌သောက်ရခြင်း ခက်တာကလွဲလို့ သူတို့မှာ ပြဿနာ မရှိပါဘူး။ စားသောက်ရခြင်းနဲ့ ပက်သက်တာ ပြောရရင်၊ လင်းချင်းယင်က သူမ၏ဗိုက်ကို ထိလိုက်ကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဒီမနက်မှာ သူ(မ)က ခေါက်ဆွဲ တစ်ပန်းကန် စားခဲ့တယ်။ သူ(မ) ဘာကြောင့် ထပ်ပြီး ဗိုက်ဆာနေပြန်တာလဲ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့၊ လင်းချင်းယင်က နောက်တစ်ကြိမ် ထမင်းစားချိန်ရောက်ပြီဆိုတာ သိလိုက်ရတယ်။

တစ်နေ့ သုံးနပ် စားရတာ အဆင်ပြေမနေဘူး။ လင်းချင်းယင် သက်ပြင်းချလိုက်ပြီး ဘတ်စ်ကားနဲ့ အိမ်ပြန်တော့မဲ့ အချိန်...။ ရုတ်တရက် သူမနောက်မှ အော်ဟစ်ငိုယိုသံကို ကြားလိုက်ရသည်– "ဆရာသခင်၊ ဆရာသခင်၊ ကျွန်တော်ကို စောင့်ပါဦး"

လင်းချင်းယင်က နောက်ပြန် လှည့်ကြည့်လိုက်တော့ ဆရာကြီးဝမ်ဆိုတဲ့ လူလိမ်ဟာ သူ(မ) နောက်သို့ လိုက်နေတာကို တွေ့လိုက်ရတယ်။ သူ(မ)နောက်က အရိပ်ထဲမှာ ရပ်လိုက်ပြီး မျက်ခုံးပင့်ကာ သူ့ကို ပြန်ကြည့်လိုက်သည် - "ဘာကိစ္စရှိလို့လဲ။"

နဖူးပေါ်ရှိ ချွေးများကို သုတ်ပြီးနောက် ဆရာကြီးဝမ် ၏ မျက်နှာသည် ကြင်နာသော အပြုံးဖြင့် ပြည့်နှက်နေပါသည်-

"ကျွန်‌တော်က ဆရာသခင်ကို အခုလိုမျိုး ထွက်သွားခွင့်ပြုလိုက်ရတာ နောင်တရမိပါတယ်။ ဆရာ မြင်တဲ့အတိုင်း၊ ဒီနေ့ ကျွန်တော်တို့တွေ တွေ့ဆုံဖို့ ရေစက်ရှိကြတယ်။ ဒါကြောင့် ဆရာရဲ့ ဖုန်းနံပါတ်ကို မထားခဲ့ဘဲ ဘယ်လိုများ ထွက်သွားနိုင်တာလဲ!"

"အန်တီချန်ကလည်း သူ(မ) သမီးရဲ့ မွေးနေ့ပြီးရင် ကျေးဇူးတင်ကြောင်း လက်ဆောင်လေး ပို့ပေးချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဆရာသခင်က ဆက်သွယ်ဖို့အချက်အလက်တွေကို ချန်မထားခဲ့‌‌တော့။ အဲဒီလို ဖြစ်လာတဲ့အခါ ဆရာကို ကျွန်တော် ဘယ်လို အကြောင်းကြားရမလဲ။"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now