L

267 47 4
                                    

ဒီနေ့တစ်နေ့လုံးစိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်နေလို့ ရုံးဆင်းချိန်သာ ရောက်သွားတယ် အလုပ်တစ်ခုမှကိုမပြီးလိုက်ဘူး

မုန်တိုင်းရှိလို့ appointment အကုန်လုံး cancel ဖြစ်သွားတဲ့အပြင် လမ်းမှာကားက ပျက်သွားသေးတယ် Ricky ဒီနေ့တော်တော်လေး ကံဆိုးနေတာ မနက်ကဘုရားမရှိခိုးခဲ့မိလို့များလား

"Ricky ဘယ်သွားစရာရှိလဲ နူနားနဲ့လိုက်ခဲ့"

"မလိုက်တော့ပါဘူး"

"လိုက်ခဲ့စမ်းပါ နင်ပဲငါ့ honey ကိုတွေ့ချင်တယ်ဆို"

"မတွေ့ချင်ပါဘူး"

"လိုက်ခဲ့ပါ မောင်လေးရယ် ယောက်ဖလောင်းနဲ့ မိတ်ဆက်ပေးမယ်"

"........."

Crush လေးကစိတ်မဝင်စားတဲ့အပြင် မောင်နှမဇုံထဲ auto ရောက်သွားရှာတဲ့ Ricky ခမျာမှာ ဆက်ငြင်းဖို့တောင် အားမရှိတော့ဘဲ ဆွဲခေါ်သွားတဲ့နောက် စိတ်ရောကိုယ်ပါဂျုံးဂျုံးကျပြီး ပါသွားခဲ့ပါတော့တယ်။

......

နူးနားအိမ်ရောက်တော့ ကြေကွဲလူငယ်လေး Ricky ကို အလိုက်ကန်းဆိုးမသိ သူ့ချစ်ချစ်ရဲ့အကြောင်းတွေ ရေပက်မဝင်အောင်ပြောပြီး မိတ်ဆက်ပေးနေတော့ နားတွေလည်းငြီး၊ စိတ်တွေလည်းညစ် နေရပါပြီ။

Ricky လေးကို တစ်ယောက်ယောက် လာကယ်ကြပါအုံး  T_T

"ငါ့ Honey"  "Honey ကလေ""Honey ဆီမှာ" "Honey ......"

Honey ချင်းထပ်နေတဲ့ နူနားကို သူတကယ်အမြင်ကပ်လာပြီ အချိန်တွေသာပြန်လှည့်လို့ရရင် အလုပ်စဝင်တဲ့နေ့ကတည်းက "နောက်နေ့မလာပါနဲ့တော့" ဆိုပြီး ဒီအစ်မကြီးကို တစ်ခါတည်း အလုပ်ဖြုတ်ခဲ့ရမှာ

ဧည့်ခန်းဆိုဖာပေါ်မှာ ချစ်ကြည်နူးတစ်တစ်တူးနေတဲ့ အတွဲဘေးက မျောက်မှိုင် မှိုင်နေတဲ့သူ့အနား လူတစ်ယောက်လာရပ်တာကြောင့် မကြည့်ချင်ကြည့်ချင်နဲ့ မော့ကြည့်လိုက်မိပါတယ်။

"အော် ကိုကြီးရောက်ပြီလား သူကငါ့ boss Ricky Shen တဲ့"

"Kim Ji Woong ပါ"

 သန်မာကျစ်လစ်နေတဲ့ ခန္ဓာကိုယ်၊ ချောမောခန့်ညားမှုအပြည့်မျက်နှာနဲ့ နူနားအကိုက တော်တော်လေး မိုက်ပြီး တော်တော်လေး sexy ကျတယ်။

You Are The ReasonNơi câu chuyện tồn tại. Hãy khám phá bây giờ