O

236 46 12
                                    

နူနားရဲ့ မင်္ဂလာသတင်းကြောင့် အသည်းကွဲသွားရှာတဲ့ Ricky  Shen မှာ ရုံးရောက်ရင်ခံစားချက်တွေ ပေါက်ကွဲထွက်လာတတ်လို့ အလုပ်မသွားဘဲ အရင်လိုပြန်ပြီး ပေတေ လေလွင့်နေတာ ၁၅ ရက်လောက် ရှိနေပြီ။

နောက်ဆုံးတော့ "ဒီနေ့ မှ အလုပ်မလာရင် company ဒေဝါလီခံရပါတော့မယ်" ဆိုတဲ့ manager တွေက ဖုန်းတဂွမ်ဂွမ်ဆက်ပြီး drama ခင်းမှုကြောင့် စိတ်မပါ၊ လက်မပါနဲ့ Ricky တစ်ယောက် ရုံးကိုရောက်ရှိ လာပါတော့တယ်။

"အလုပ်ချိန်မှာ ကြိုးကြိုးစားစားအိပ်နေတဲ့ CEO နဲ့တော့ ကုမ္ပဏီကြီးတိုးတက်တော့မှာဘဲ"

ညက မအိပ်ခဲ့ရလို့ ရုံးရောက်ရောက်ချင်း ခုံပေါ်မှောက်အိပ်နေတုန်း ကြားလိုက်တဲ့အသံကြောင့် ဘယ်ကောင်ကများ သူ့ကို လာ blame နေတာလဲလို့ မော့ကြည့်လိုက်တော့ Kim Ji Woong ဆိုတဲ့ဘဲကြီး

"Hello ပေါင်ပေ့"

"ခများက ဒီကိုဘာလာလုပ်...."

"အာ ကျွန်တော်က CEO Ricky  Shen ရဲ့ secretary အသစ်လေး Kim Ji Woong လို့ခေါ်ပါတယ် နာမည်ခေါ်ရတာ ထောက်နေရင် ကိုကို လို့ခေါ်လည်း အဆင်ပြေပါတယ်"

" ခများက secretary အသစ်? Da Mi နူနားကရော??"

အလုပ်လေး ၁၅ ရက်လောက်မလာလိုက်တာနဲ့ ဘာတွေဖြစ်ကုန်တာလဲ???"

"Da Mi ကအလုပ်ထွက်သွားပြီလေ baby ရဲ့"

"ဘယ်တုန်းကလဲ ကျွန်တော်တောင်မသိလိုက်ရပါလား"

"Baby ကအလုပ်ကျမလာဘဲ အလေလိုက်နေတော့ ဘယ်သိမလဲ"

"ခများ... ကျွန်တော့်နာမည် Ricky , baby မဟုတ်ဘူး ပြီးတော့ CEO တောင်ဘာမှမသိလိုက်ရဘဲ ဘယ်သူကခများကိုအလုပ်ခန့်တာလဲ"

"Director Hanbin လေ"

"ဟမ်"

Habin hyung က သူ့မာမားရဲ့ တူလေး ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းတော်လို့ Ricky တို့ ကုမ္ပဏီမှာ ဒုတိယ share အများဆုံး director ဖြစ်နေသူတစ်ယောက်၊ Ricky အတွက်တော့ ငယ်ငယ်လေးထဲက စီနီယာလို၊ အကိုလို လေးစားအားကျရတဲ့သူ

တလောကလုံး ဘယ်သူ့ကိုမှ အရေးမလုပ်တတ်တဲ့ Ricky က  Hanbin hyung ကိုတော့ မဆိုစလောက်လေး ကြောက်တယ်။

You Are The ReasonWhere stories live. Discover now