Part - 30 ( Zawgyi)

Start from the beginning
                                    

" ကိုယ်ရောက်မလာတာ အရမ်းကြာသွားပြီနော်ရှိန်းငယ်၊
တစ်နေရာရာမှာ အေးအေးချမ်းချမ်း နဲ့ ပျော်ရွှင်နေတယ်
မဟုတ်လား ၊ အစစအရာရာအဆင်ပြေနေလိမ့်မယ်လို့
ကိုယ်မျှော်လင့်ပါတယ်၊ဒီနေ့တော့ကိုယ်ရှိန်းငယ်ကို
ဝန်ခံစရာရှိလို့ရောက်လာတာပါ၊ပထမတစ်ခါထဲက
ကိုယ့်စိတ်ကိုရှိန်းငယ်လည်းသိနေပြီးသားဖြစ်မှာပါ ၊
ကိုယ်လူတစ်ယောက်ကို ထပ်ပြီးချစ်မိသွားတယ်
ရှိန်းငယ်၊အဲဒါက ရှိန်းငယ်ကြောင့်လဲမဟုတ်ဘဲ၊
အစားထိုးတာလဲမဟုတ်ရပါဘဲ ဒီတိုင်း အင်း ဒီတိုင်း
လေးအရမ်းချစ်မိသွားယုံပါ "


ပြောလက်စ စကားကိုခဏရပ်ခိုက်မိသည်။ဝန်ခံစကား
ဆိုနေမိပေမယ့် အားနာစိတ်တို့ကလည်း ဖိစီးလှသည်။
သေသောသူကြာရင်မေ့လို့ အပြောခံရမှာလည်း
ကိုယ်စိုးထိတ်လှ၏ ။မေ့လိုက်တာမဟုတ်သည့်တိုင်
နောက်တစ်ယောက်ကိုချစ်မိသွားခြင်းကလည်း
ငြင်းမရသည့်အမှန်တရား ။

" အဲဒီလူက သက်ထက်ပန်ဆိုတာ ရှိန်းငယ်လဲသိနေ
တယ်မဟုတ်လား ၊ အစကတော့ ရှိန်းငယ်ရဲ့ခန္ဓာကိုယ်
အစိတ်အပိုင်းတွေကြောင့် သူ့ကိုချစ်မိသွားတယ်လို့
အထင်မှားနေမိတာ ၊ အခုမှသေချာသိလိုက်ရတာက
သူကို သူမို့လို့ သက်ထက်ပန်ဆိုတဲ့သူ့ကို ဘာနဲ့မှ
မရောနှောဘဲချစ်မိသွားတာပါ ၊အခုကိုယ်တို့မှာ
သားဦးလေးတောင်ရတော့မယ်လေ၊ ကိုယ်အရမ်းပျော်
နေတာတကယ်ပါ ၊ဖြစ်ပြီးခဲ့တဲ့ အရာအားလုံးအတွက်
ရှိန်းငယ်ကို အကိုကတောင်းပန်ပါတယ် ၊မကာကွယ်နိုင်ခဲ့တဲ့
အတွက် နောက်ပြီး အချစ်သစ်ကိုရှာတွေ့မိသွားတဲ့
အတွက်ပေါ့ "

အရမ်းနာကျင်နေရတာမျိုးမဟုတ်သည့်တိုင် ဝန်ခံစကား
ပြောတာတာ ဒီတစ်ကြိမ်မှာပိုပြီးခက်ခဲလှသည်။
အားနာစိတ်က ကိုယ့်စိတ်နှလုံးသားထဲအထိနေရာယူထား၏။

" ကိုယ်မမြင်နိုင်တဲ့ နောက်ဘဝဆိုတာကိုတိုင်တည်ပြီး
ကတိစကားတွေလည်းမပေးချင်ပေမယ့် သံသရာတစ်ကွေ့
ကွေ့မှာ မတော်တဆပြန်ဆုံရရင် အတိုးချပြီးစောင့်ရှောက်
ပေးပါ့မယ် ၊ကိုယ်ရဲ့ချစ်သူဖြစ်ခဲ့မယ်ဆိုရင်လည်း
အခုဘဝထက် အများကြီးကာကွယ်ပေးချင်ပါတယ်၊
ညီလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း
အများကြီးနွေးထွေးပေးပါ့မယ် ၊ဒီဘဝမှာတော့
တစ်ချိန်က ကိုယ်ရဲ့ချစ်သူဆိုတာထက် ဆိုးတူကောင်းဘက်
အတူရှိနေဘူးတဲ့ညီလေးတစ်ယောက်အဖြစ် ဘဝတစ်သက်
တာလုံးအမှတ်တရနေမှာပါ "

My Husband Hates Me ( Completed )Where stories live. Discover now