Part - 30 ( Zawgyi)

Começar do início
                                    

စိတ်ကဆောင်နေတာရယ် ကိုယ့်ကျန်းမာရေးအတွက်
သီးသန့်စောင့်ရှောက်ပေးနေသည့် ဆရာဝန်ကြီးတွေ
ရှိနေသည့်အတွက်သာ လူက လဲကျမသွားခြင်း
ဖြစ်၏ ။ မွေးခါနီးကိုယ်ဝန်ဆောင်ဆိုပေမယ့် ဗိုက်က
အရမ်းကြီးမထွက် ။ ဗိုက်ကအရမ်းမပူပေမယ့်
အခုနောက်ပိုင်းအချိန်တွေဆိုရင် လမ်းပင်သိပ်မလျှောက်
နိုင်တော့လို့ ကိုကိုက ဘေးမှာအမြဲရှိနေပေးရသည်။

" သက်ထက် ဘာတွေတွေးနေတာလဲ ကိုကိုပြောတာ
ကိုသဘောမကျတာလား ၊သက်ထက်လေး သဘော
မကျရင်လဲဒ်ီမှာပဲမွေးလို့ရအောင် "

" မကြိုက်တာမဟုတ်ဘူးကိုကို သားအခြေအနေကို
သားဘာသာပြန်ဆန်းစစ်နေတာပါ "

သူပြောတာတွေကို ကိုယ်က သဘောမကျဘူးလို့
ထင်သွားပုံရသည့် ကိုကို့ကြောင့် အမြန်ပင်ဖြေရှင်း
စကားဆိုလိုက်ရပြန်သည်။

" ဒါဆိုရင်သက်ထက်ကရော သွားချင်လား "

" သွားချင်ပေမယ့် သား လေယာဉ်စီးနိုင်ပါ့မလား
တွေးနေရသေးတယ် "

တကယ်လဲ မွေးခါနီးမို့ လေယာဉ်စီးဖို့ကအစ တွေပြီး
စိတ်ပူနေမိသည်။

" သက်ထက်လေးက ဟိုဘက်မှာမွေးချင်ရင် ကိုကိုက
အဆင်ပြေအောင်စီစဉ်ပေးမယ်နော် "

" ဟုတ်ကဲ့ကိုကို အဲလိုဆို ကိုကိုပဲ ကောင်းသလိုစီစဉ်
လိုက်နော် "

" ဟုတ်ပြီ ကိုကိုကစီစဉ်ပေးမှာဆိုတော့ သက်ထက်လေး
စိတ်အေးအေးထားနော် "

ဒီလိုနဲ့ပဲ သက်ထက်ရဲ့ရက်သွေးလေးမွေးဖွားဖို့အတွက်
ရက်နီးကပ်လာရပါတော့သည်။



*
*
*
*
*
*
*
*

ဝေ့ခနဲတိုက်ခတ်လာသည်လေနုအေးသည် အုံ့မှိုင်းနေသော
စိတ်အဆင်တို့ကို အနည်းငယ်တော့ကြည်လင်လန်းဆန်း
သွားစေသည်။ အမြဲတစေ တိတ်ဆိတ်နေသည့်ပတ်ဝန်း
ကျင်က ဒီနေ့မှ ပိုပြီးတိတ်ဆိတ်နေတယ်လို့စိတ်ထဲမှာ
ခံစားနေရသည်။ မလာဖြစ်တာကြာနေပြီဖြစ်တဲ့
ဒ်ီနေရာကို တစ်ခါခြေပြန်ချရတိုင်း တစ်ခါတော့
စိတ်ပင်ပန်းနွမ်းနယ်ရသည်။ လက်ထဲမှာပါလာသည့်
ပန်းစည်းလေးကို အခုချိန်ထိဆေးရောင်မပြယ်အောင်
ဂရုစိုက်ထားသည့် အုတ်ဂူလေးပေါ်တင်လိုက်ရင်း
ထိုအုပ်ဂူခေါင်းရင်းမှာကပ်ထားသည့်ဓာတ်ပုံလေးဆီမှ
ဖုန်မှုန့်တို့ကို ခပ်ဖွဖွလေးသုတ်ပေးလိုက်မိ၏ ။
နုငယ်ကြည်လင်နေသည့်အပြုံးချိုချိုလေးကတော့
အရာအားလုံးကိုနားလည်ပြီးခွင့်လွှတ်သည့်ဆိုသည့်
အပြုံးမျိုး ။သူ့ကိုယ်သူထက် အခြားသူတွေကို
ဂရုစိုက်ပေးတက်တဲ့ကောင်လေးမဟုတ်လား ။

My Husband Hates Me ( Completed )Onde histórias criam vida. Descubra agora