Chapter 68

1.4K 251 1
                                    

Unicode

Chapter 68-ဥက္ကာခဲစွမ်းအင်နယ်ပယ်

လီကျန်းက ကားပေါ်မှာ ရယ်မောရင်းလူးလှိမ့်နေတဲ့ ဖန်းဟယ်ကိုချီလိုက်တယ်။ ဖန်းဟယ်ရဲ့ တစ်ကိုယ်လုံးက အရယ်လွန်ပြီးလှုပ်ခါနေတယ် ။အဲ့တာက လီကျန်းရဲ့နှလုံးသားကို နူညံ့လာစေပြီးတော့ သူက လက်ဆန့်ပြီး ဖန်းဟယ်ရဲ့နားရွက်လေးတွေကို ကိုင်လိုက်တယ်။

"သွားရအောင် အခုပြဿနာ မရှိတော့ဘူး"

ဖန်းဟယ်က သူ့ခေါင်းကိုလှည့်ပြီး အနီးတစ်ဝိုက် ပတ်ကြည့်လိုက်တယ်။ ခင်ဗျားမပြောလဲ ကျွန်တော်တို့အနားမှာ ဖုတ်ကောင်တစ်ကောင်မှမရှိတော့ပါဘူးနော်။ ဖန်းဟယ်က လီကျန်းရဲ့လက်မောင်းကို ကိုင်လိုက်ပြီး ခေါင်းဆန့်ကာ ဖုတ်ကောင်ရှောင်စန်းခေါင်းပေါ်က ရှောင်ပိုင်ချူးကို လှမ်းကြည့်လိုက်တယ်။ ပူစီလေးက ဖုတ်ကောင်ရှောင်စန်းခေါင်းပေါ်မှာ ဆက်လှဲမနေတော့ဘူး။ အဲ့ဒီအစား သူက သူ့ခေါင်းကိုပင့်ထားပြီး ပတ်လည်ကို မျက်လုံးမှေးပြီးလိုက်ကြည့်နေတယ်။ ဖန်းဟယ် ထပ်ရယ်မိတော့မလိုဖြစ်သွားတယ်။(ဟားဟားဟား><)

ဒါ့အပြင် ဖန်းဟယ် သူ့ကို ကြည့်လိုက်တဲ့အခါ ရှောင်ပိုင်ချူးက သူ့ပါးစပ်ကိုဖွင့်လာပြီး အော်သံတစ်ခုထုတ်လာလို့ ဖန်းဟယ် သူ့ကိုပွေ့ဖက်ပြီး ပွတ်သပ်ပေးချင်လာတယ်။

"လီကျန်း သူကြီးလာမယ်လို့ ခင်ဗျားထင်လား"

လီကျန်းက သူ့ခေါင်းကိုပင့်ထားပြီး ရင်ဘက်ကိုကော့ထားတဲ့ အသေးလေးကိုကြည့်လိုက်တယ်။သူက အရမ်းလွှမ်းမိုးနိုင်စွမ်းရှိပေမယ့် လီကျန်းက သူ့ခေါင်းကိုခါလိုက်တယ်။

"ဖုတ်ကောင်ရဲ့ ခံနိုင်စွမ်းရည်တွေက မရှိတော့ဘူး ပြီးတော့ သူကပိုပဲသန်မာလာနိုင်တယ် ကြီးထွားမလာနိုင်တော့ဘူး"

ဖန်းဟယ် မရယ်ပဲမနေနိုင်တော့ဘူး။ ပြီးတော့ သူ့ကြောင်လက်လေးကိုရှောင်ပိုင်ချူးဆီ ညွှန်ပြလိုက်တယ်။

"ဒါဆို သူကအခုကစပြီး အဲ့လိုလေးပဲဖြစ်နေတော့မှာပေါ့"

လီကျန်းက ခေါင်းငြိမ့်ပြီး ဖန်းဟယ်ကို လက်မောင်းထဲ ပွေ့ချီထားရင်း ကားထဲဝင်လိုက်တယ်။ ဖန်းဟယ်သမ်းဝေလိုက်ပြီး သူ့ကိုယ်ကိုစုလုံးကာ လီကျန်းရဲ့ပေါင်ပေါ် ကွေးလိုက်တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now