Chapter 30

2.1K 348 2
                                    

Unicode

Chapter 30-လောင်စာဆီကားတွေက ပေါက်ကွဲတော့မယ်

အခုလမ်းတွေက ဆက်သွားလို့မရတော့ဘူး။အချိန်နဲ့အမျှ လမ်းတွေက ကားအမျိုးမျိုးနဲ့ တိုက်မိတာတွေ၊ စွန့်ပစ်ကားတွေကြောင့် ပိတ်ကုန်တယ်။ လီကျန်းကားမောင်းတဲ့ပုံစံက  လမ်းရှင်းနေရင်အရမ်းမြန်တယ်။ ပြီးတော့ သူတစ်ခုခုနဲ့တွေ့ရင် အရေးပေါ် ဘရိတ်ကို ရုတ်တရက်နင်းလိုက်လိမ့်မယ်။ ပြီးရင် ပိတ်နေတာတွေကို လေထဲလွှင့်ပစ်ပြီး ဆက်မောင်းသွားလိမ့်မယ်။

ဖန်းဟယ်မှာသာ ကားထိုင်ခုံကို ဆွဲကိုင်ထားဖို့ ကြောင်လက်သည်းလေးတွေမရှိရင် သူဒီလိုအမြန်နှုန်း၊ အရှိန်လျော့နှုန်းနဲ့  အပေါ်အောက် ဘယ်နေရာကို လွင့်‌သွားမလဲတောင်မသိဘူး။

ဖန်းဟယ်က နောက်မှာထိုင်နေတဲ့ ဗီဇပြောင်းဖုတ်ကောင်ကို ကြည့်လိုက်တယ်။ သူလှည့်ကြည့်လိုက်ပြီး မရိုးရှင်းစွာပြုံးလိုက်တယ်။ အဲ့အပြုံးက သူ့ကြောင်မျက်နှာလေးနဲ့လုံးဝ မလိုက်ဖက်ဘူး။

အဲ့တာက အနောက်က ဗီဇပြောင်းဖုတ်ကောင်က လီကျန်းရဲ့ကားမောင်းစကေးကြောင့် နှစ်ခါလောက် လွင့်ထွက်သွားလို့ဖြစ်တယ်။ ပြီးတော့ရှက်စရာကောင်းလောက်အောင် အောက်ကိုနှစ်ခါလောက်ပြုတ်ကျသွားသေးတယ်။

ဒါပေမယ့်သူ ကားထဲကနေ သုံးခါမြောက်ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ ဖုတ်ကောင်က မြေပေါ်က ထရပ်လာတယ်။ လီကျန်းရဲ့ကားက  လမ်းဘေးမှာတိုက်မိနေတဲ့ယာဉ်တွေကို ရှောင်လိုက်တဲ့အချိန်မှာ ကားပေါ်ကို သူ(အမြန်နှုန်းဗီဇပြောင်းဖုတ်ကောင်)က ပြန်တက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ ဖုတ်ကောင်က ကားခေါင်မိုးပေါ်ကိုတက်သွားခဲ့တာ။ အဲ့တာပြီးတော့ သူနောက်တစ်ခါ ထပ်လွင့်မသွားတော့ဘူး။

ဆိုတော့ ဒီဖုတ်ကောင်က စိတ်ဝင်စားစရာကောင်းတာပဲ။

ဖန်းဟယ်က တစ်ချက်လောက်လှည့်လိုက်ပြီး သူ့အမြှီးကိုအသာအယာပုတ်လိုက်ကာ လီကျန်းကိုကြည့်လိုက်တယ်။ လီကျန်းရဲ့တောင့်တင်းနေတဲ့မေးရိုးကိုကြည့်လိုက်ပြီး ဖန်းဟယ်က သူ့ကိုယ်ကိုရွှေ့လိုက်ကာ driver's seat ရဲ့ဘေးခုံကနေ ဆင်းပြီး လီကျန်းပေါင်ပေါ်တက်လိုက်တယ်။ သူမတ်မတ်ထိုင်လိုက်ပြီး လီကျန်းရဲ့မေးကို သူ့ ခေါင်းနဲ့ ပွတ်လိုက်တယ်။ အခုသူတို့မြို့ထဲကနေ ထွက်တော့မယ်။ မြို့ကနေ ထွက်သွားပြီးရင် လီကျန်းအရင်နေခဲ့တဲ့ အိမ်နဲ့ သူတို့နီးလာပြီ။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now