Chapter 44

1.5K 290 1
                                    

Unicode

Chapter 44 - အညစ်အကြေးကျုံးအရာရှိရဲ့ တောင်းဆိုမှု

ဖန်းဟယ် တကယ်မနေနိုင်တော့ဘူး။ သူ့ကြောင်လက်တွေနဲ့ သူ့ကိုယ်ပေါ်ရှိနေတဲ့ လီကျန်းရဲ့အဝတ်တွေကို ဖယ်ပစ်လိုက်တယ်။ သူက အောက်ကိုပေါ့ပေါ့ပါးပါးပဲခုန်ဆင်းလိုက်ပြီး သူ့လက်သည်းတွေကို ပြင်းပြင်းထန်ထန်ထုတ်လိုက်တာနဲ့ မရေတွက်နိုင်တဲ့ လေဓားတွေဖြတ်သွားတယ်။ ကျားလက်သည်းတွေလိုပဲ သူ့လေဓားတွေက ဝင်ပေါက်ကိုဆွဲဖြဲလိုက်ပြီးတာနဲ့ ဆေးရုံအဆောက်အဦးထဲကို သူပြေးဝင်သွားလိုက်တယ်။

ဖန်းဟယ်ရဲ့ကြောင်လက်တွေက  ဆိုင်းဘုတ်ကို လွှတ်လိုက် ပြီး‌ အဆောက်အဦးအထဲကို ချိုးဖောက်ဝင်ရောက်လိုက်တည်းက ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ပေါ်လာတယ်။ အဆောက်အဦးတစ်ခုလုံးကို အမြစ်တွယ်နေတဲ ကြောက်စရာသွေးကြောတွေက ပျက်စီးလာတာပဲ။ အပျက်အစီးတွေက ကွန်ကရစ်အဆောက်အဦးပေါ်ကို တောက်လျှောက်ပြုတ်ကျနေပြီး  အထဲမှာရှိနေတဲ့ ဖုတ်ကောင်တွေပါ မြေပေါ်ပြုတ်ကျလာကြတယ်။ ပျက်စီးသွားတဲ့ သွေးကြောတစ်လျှောက်မှာရှိနေတဲ့ ဖုတ်ကောင်တွေက အပိုင်းပိုင်းပြတ်သွာကြပြီး မိုးရေ‌တွေစုနေတဲ့အိုင်တွေထဲကို ကျသွားကြတယ်။ ကတ္တရာလိုသစ်စီးတွေက ပြာအဖြစ်မပြောင်းခင် အရင်ခဲသွားပြီးမှ အပိုင်းပိုင်းကွဲသွားကြတယ်။

ဖန်းဟယ်ကလည်း ဆက်တိုက်သူ့ကြောင်လက်လေးတွေကို သူ့လှုပ်ရှားမှုအတိုင်း ဝှေ့ယမ်းနေခဲ့တယ်။ အဆောက်အဦးထဲကို ဖောက်ဝင်နေရင်းနဲ့ပဲ သူ့လေဓားတွေကိုသုံးပြီး လမ်းတစ်ခုဖွင့်လိုက်တယ်။ ကြမ်းပြင်က ပြုတ်ကျနေကြတဲ့ ကြောက်စရာသွေးကြောတွေနဲ့ပြည့်နေပြီးတော့ လီကျန်းကိုဘယ်မှာရှာရမလဲဆိုတာ ဖန်းဟယ်မသိဘူး။ ဒါကြောင့် သူက ရှုပ်ပွပျက်စီးနေတဲ့ ကြောက်စရာသွေးကြောတွေကြားကနေပဲ ဖြတ်သန်းသွားလိုက်တယ်။

ကြောက်စရာသွေးကြောတွေ ပိုပြီးပြုတ်ကျလာလေလေ သူပိုအံ့ဩလာလေလေပဲ။ ဒီကြောက်စရာသွေးကြောတွေက ဆေးရုံရဲ့ မြေအောက်ဆယ်မီတာထက်ကို ထိုးဖောက်၀င်နေခဲ့တာလေ။ ကြမ်းပြင်မှာ အပျက်အစီးအစိတ်အပိုင်းတွေ နေရာတိုင်းစုပုံနေကြတယ်။ ဖန်းဟယ်က လီကျန်းကို တကယ်ကြီး အော်ခေါ်ချင်နေပေမယ့် အထဲကလေက အရမ်းအနံ့ဆိုးနေလို့ ဖန်းဟယ်က အသက်ရှူအောင့်ပြီး ပိုနက်တဲ့နေရာထိ သွားလိုက်တယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now