Chapter 6.1

3.1K 516 8
                                    

(Unicode)

Chapter 6.1 - ‌ကြောင်သခင်လေးရဲ့ အနီရောင်သွေးအမိန့်

အိမ်ကိုပြန်ရောက်ပြီးနောက် ဖန်းဟယ်က မီးဖိုချောင်သို့ အမြန်သွားကာ စားပွဲပေါ် အလျင်အမြန်ခုန်တက်လိုက်ပြီး သူ့ရဲ့အမြီးကို လျစ်လျူရှုကာ လီကျန်းကို မြောင်လို့အော်နေခဲ့တယ်။လှောင်အိမ်ထဲမှာရှိတဲ့ နောက်ဆုံးကြောင်၀၀လေးကို သူ့ရဲ့နေ့လယ်စာ ပေးလိုက်ရတဲ့အတွက်ကြောင့် ဖန်းဟယ်က အခု ဗိုက်ဆာနေပြီ။ ပိုင်ရှင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့အတွက် သင့်လျော်တဲ့*Meng ရောင်းချရတာကို ဖန်းဟယ်က သည်းခံနိုင်ပါသေးတယ်။ (ချစ်စရာကောင်းအောင်ပြုမူခြင်း)

တံခါးဝမှာတော့ လီကျန်းက သူ့နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး အဝတ်အစားလဲလိုက်ကာ မီးဖိုချောင်ထဲမှာ စောင့်နေတဲ့ ကြောင်ငယ်လေးကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ ပြုံးခဲ့တယ်။ ကြောင်က သူ့မှာရှိနေတဲ့ နတ်ဆိုးဝိဉာဉ်ကို တကယ်ကြီးဂရုမစိုက်ပေမယ့် လီကျန်းက ရေချိုးခန်းထဲ အရင်ဝင်သွားလိုက်တယ်။ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီးနောက်၊ ဘုရင်ငယ်လေးဖန်းဟယ်ရဲ့ မျှော်လင့်ချက်တွေအောက်မှာ မီးဖိုချောင်တံခါးကို သူဖြတ်ဝင်သွားတယ်။

သို့ပေမယ့်လည်း ဖန်းဟယ်က အိမ်မွေးတိရစ္ဆာန်ဆိုင်ကယူလာတဲ့ တစ်စုံတစ်ခုကို လီကျန်းကိုင်ထားတာကို မြင်တဲ့အခါ သူက စိတ်ပျက်သွားတယ်။ လီကျန်းက ကြောင်စာထုပ်ကို ဆုတ်ဖြဲလိုက်ပြီး ကြောင်စာဗန်းထဲ ကြောင်ဘီစကစ်တွေကို သွန်ချလိုက်တဲ့အခါ ဖန်းဟယ်က ကြောင်ခြေဖဝါး
ကို ဆန့်ထုတ်လိုက်တယ်။ သူက ငါးခြောက်နဲ့လုပ်ထားတဲ့ ငါးခြောက်မျှင်ကို စားချင်နေတာ‌ပါဆို။ လီကျန်းက စာရွက်အနည်းငယ်ကို ကိုင်ထားရင်း ဖန်းဟယ်ရဲ့စိတ်ပျက်နေတဲ့မျက်၀န်းတွေကို မမြင်သွားပဲနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

ဖန်းဟယ်က ကြောင်စာဗန်းကို ရွှေ့လိုက်တယ်။ သူဘာကိုမှ ဆန့်ကျင်ပြီး ခွဲခွဲခြားခြားလုပ်တော့မှာမဟုတ်ပေမယ့် ငါးခြောက်ကို သူပိုပြီးတမ်းတတယ်။ ကြောင်ကလေးဖန်းဟယ်က ကြောင်စာကို စားလိုက်တဲ့အခါ jasperနဲ့တူတဲ့ ကြောင်မျက်၀န်းတွေက နည်းနည်းမရှင်းပြနိုင်ပေမယ့် အနည်းငယ် တောက်ပသွားခဲ့တယ်။ ကိုးရို့ကားရားနိုင်ပေမယ့် ရိုးရိုးသားသားပြောရရင် လီကျန်းဝယ်လာတဲ့ ဒီကြောင်ဘီစကစ်ကလည်းပဲ တော်တော်အရသာရှိတာပဲ။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now