ကုဟိုင်က သူ့ကိုဘယ်နေရာကို ခေါ်သွားလဲဆိုတာ ထင်မြင်ချက်မရှိဘူး။ဘယ်နေရာမဆို စွန့်ပစ်ဂြိုဟ်ထက် ပိုကောင်းမှာဖြစ်တာကြောင့် သူက တူဆာက ဘာနဲ့တူလဲဆိုတာ မမေးဘူး။သူက အဲဒီနေရာကို ရောက်ရင် ကိုယ်တိုင်မျက်စိနှင့်မြင်နိုင်လိမ့်မည်ဟုသာ တွေးထားတယ်။

စစ်သင်္ဘော၏ကြီးကြပ်ခန်းသည် အပြင်ဘက်ရှိကြယ်တာရာကို မြင်နိုင်သည့် ဖောက်ထွင်းမြင်ရသည့်ပြတင်းပေါက်တစ်ခုရှိတယ်။ကုဟိုင်သည် စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှူရန် လျှောက်သွားလိုက်တယ်။အနက်ရောင်စင်္ကြာဝဠာကြီးက အဆုံးမရှိတဲ့တွင်းနက်ကြီးတစ်ခုနှင့်တူတယ်။ဒါက တုန်လုပ်ခြောက်ခြားစရာကောင်းပေမဲ့ ကြယ်များစွာ၏အလှဆင်မှုကြောင့် အမှောင်ထုသည် တောက်ပပြီးခမ်းနားလာတယ်။

လူငယ်လေး၏တည်နေရာကို အသံတစ်ခုတည်းဖြင့် ခွဲခြားနိုင်တယ်။အဲလ်ဗတ်စ်သည် အမိန့်ပေးတဲ့နေရာတွင်ထိုင်ကာ စကားမပြောပေမဲ့ သူ့လက်ချောင်းတွေက အော်ပရေတာ၏ဘောင်ကို ပွတ်နေတယ်။နောက်အခိုက်အတန့်မှာ ကြီးကြပ်ခန်းတစ်ခုလုံး၏နံရံတွေသည် ဖောက်ထွင်းမြင်ရလာတယ်။

ဒါက အပြင်ကမြင်ကွင်းကို ကြည့်ရတာ ပိုအဆင်ပြေလာပြီး ကုဟိုင်၏ပထမဆုံးတုံ့ပြန်မှုက ပျော်ရွှင်မှုဘဲ။ထို့နောက် သူက ကူကယ်ရာမဲ့စွာ အမိန့်ပေးထိုင်ခုံတွင်ထိုင်နေတဲ့ အနက်ရောင်မျက်လုံးကာစည်းထားတဲ့ အပြောင်းအလဲမရှိတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို လှည့်ကြည့်လိုက်တယ်။သူက မျက်လုံးကာလို့ခေါ်နေပေမဲ့ ၎င်းက အလင်းရောင်ကိုထိုးဖောက်မမြင်နိုင်တဲ့အနက်ရောင်အဝတ်စအလွှာပါးလေးနှင့်ပိုတူတယ်။သူ့မျက်လုံးတွေကို ကာပြီး နောက်မှာစည်းထားတာဖြစ်တယ်။

"အဲလ်ဂျာ..ဘာကြောင့် မင်းရဲ့ခေါင်းဆောင်က မျက်လုံးကို ကာထားရတာလဲ?"အရင်က မေးဖို့အခွင့်အရေးမရှိခဲ့ဘူး။ဒီအချိန်မှာတော့ ကုဟိုင်က သူ့ဘေးမှာရပ်နေတဲ့အဲလ်ဂျာကိုမေးကြည့်နိုင်တယ်။

ပြောရရင် သူတို့ခေါင်းဆောင်က ဒီအသံကိုကြားနိုင်တယ်...

အဲလ်ဂျာက ဒါကိုသူ့နှလုံးသားထဲ ပြောလိုက်ပေမဲ့ ထုတ်မပြောခဲ့ဘူး။သူက အမှန်အတိုင်းဖြေလိုက်တယ် "ဒါက ထိတွေ့စမ်းလို့ရတဲ့အရာတွေက ခေါင်းဆောင်ကို ဖျက်ဆီးလာချင်အောင် လုပ်နေလို့ဘဲ"

Zergဘုရင်လေးWhere stories live. Discover now