"ဘာဖြစ်သွားသေးလည်း အိုက်လျှမ်း!"

"ဘာမှ မဖြစ်ဘူး! ဘာလို့ငါ့ကို သစ်ကိုင်းပေါ်မှာ တန်းလန်းကြီးထားခဲ့တာလဲ မင်းကို ငါ အန်တီချိုနဲ့ တိုင်မှာ !!"

"စိတ်မဆိုးပါနဲ့ မင်းကျန်ခဲ့မှန်း ဒီနားရောက်မှ သိလို့ပါ ~~
  မင်း အနောက်က ပြေးလိုက်လာမယ် ထင်တာပေါ့ "

"ခွေးက ခြံထဲကပဲ ဟောင်တာကို မင်း ငါ့ကို ချန်ခဲ့တာ !!"

"စိတ်မဆိုးနဲ့နော် ....နော် အိုက်လျှမ်း "

"ဆိုးမှာပဲ !! ဟွန့် ! "

"ခြံရှေ့မှာ ဘာရပ်လုပ်နေကြတာလဲ ကလေးတွေ !"

နှုတ်ခမ်းကြီးထော်ကာ စိတ်ဆိုးနေသော ဟန်လျှမ်းကို လမင်း ဘယ်လိုချော့ရမှန်းကို မသိတော့ပါ။ ထိုစဉ် အမေကလည်း လှမ်းခေါ်တာမို့ အကုန်လုံး ခြံထဲ ဝင်လာလိုက်သည်။

မာလကာသီး ကိုင်ထားတဲ့ ဟန်လျှမ်းက အမေ့ကို မြင်တာနဲ့ သူ့အနားက သန့်စင်ထွန်း လွယ်လာနေကြ လွယ်အိတ်သေးအထဲကို သူ့ မာလကာသီး နှစ်လုံးကို ထည့်ခိုင်း၏။

"မစားနဲ့နော် အဲ့တာ ငါတို့ စားဖို့ "

~~~~~

" လာမလည်တာတောင် ကြာပြီ သားစေတို့က စာမေးပွဲ ဖြေနိုင်တယ်မလား လေးယောက်လုံး "

"ဟုတ် ဖြေနိုင်တယ်  အန်တီချို  ဒါနဲ့ နေမကောင်းဘူးလား
အရမ်းပိန်သွားတယ် "

"ကောင်းပါတယ် တီချို အရင်တိုင်းပါပဲ  အိမ်လာလည်တုန်း ဘာစားကြမလဲ တီချို လုပ်ကျွေးမယ်"

"ရတယ် မစားတော့ဘူး အန်တီချို  လမင်း နား လာလည်တာ "

"အေးအေး အိမ်ပေါ်မှာ ပူရင် သပြေပင်အောက် ဖျာခင်းပြီး သွားထိုင်နေကြ တီချို သ‌ေင်္ဘာသီးသုပ်လာပို့ပေးမယ် "

"ဟုတ် !"

~~~~~

လမင်းနဲ့ ခန့်စေ သ‌ေင်္ဘာသီး သုပ်နဲ့ စားလို့ရအောင် ခြံအနောက်ဘက်မှာ ကန်စွန်းရွက်နှင့် နံနံပင် တချို့  လာခူးနေခြင်း။

လမင်း ဘေးကတစ်ယောက်ကို စကားမပြောချင်ပါ။ သူနဲ့ စကားလည်း မပြောဖြစ်သလို မတွေ့ဖြစ်တာလည်း ကြာပြီမို့လား။
နောက်ဆုံးတွေ့ဖြစ်တာက စာမေးပွဲဖြေပြီးတဲ့နေ့က ။
ကျောင်းရှေ့မှာ သူတို့ဆိုင်ကယ်တွေ ရပ်ထားတာ မြင်လို့ ကိုယ်ကသာ အပြေးလေး သွားလိုက်ရတာ။ သူက ကိုယ့်ကို လှည့်တောင် မကြည့်ဘူး။ ဝဏ္ဏတို့ကမှ လမင်းကို နှုတ်ဆက်ဖော်ရသေးတယ်။ လူကို သူပြောချင်မှ ဆိုချင်မှ ခေါ်ချင်မှ အရေးလုပ်တာမျိုး တစ်ကယ်မကြိုက်ပါ။ သူငယ်ချင်းတွေတောင် သူ့လို လုပ်မှာမဟုတ်ဘူး။ တအား ခံစားရခက်တာပဲ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now