တစ်ကိုယ်လုံး ပူထူ လာကာ  သဝန်တိုစိတ်တွေက လှိုင်ထလာရသည်။
ကိုယ့်သူငယ်ချင်းဆိုတာသိတယ်။ ဒါပေမယ့် အဲ့လိုအားကိုးတကြီး
လက်မောင်းကို ဖက်တွယ်ခံရတာ ဒီက ခန့်စေထွဋ်နောင် ဆိုတဲ့ ကောင်ပဲ ဖြစ်ရမှာ ။

မင်း အားကိုးတကြီး ဖြစ်နေရမှာ ခန့်စေထွဋ်နောင်ဆိုတဲ့ ကျုပ်ပဲ။ တစ်ဖက်က ကိုယ့်သူငယ်ချင်း ဖြစ်နေရင်တောင် နည်းနည်းလေးမှ သည်းမခံချင်ဘူး   အဲ့လို အပြုအမူ မျိုးကို။

နှစ်ခါ လည်း မသုံးသပ်ချင်တော့ဘူး။ ကိုယ့် စိတ်က သူမှသူ ဖြစ်နေတာ သိသာနေပြီ။  သူနဲ့တွေ့ရင် ဂနာမငြိမ်တဲ့ နှလုံးသားက
အရင်လို လိမ်လို့ မရတော့။ ထပ်ပြီးလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်မပြေးချင်တော့ပါ။ 

ချက်ချင်း ဝဏ္ဏ ဆိုင်ကယ်နား သွားကာ  ဝဏ္ဏ လက်မောင်းအား
ဖက်တွယ်ထားသည့် လမင်းကို ခန့်စေ အနားဆွဲခေါ်လိုက်၏။

"ဘာဖြစ်လာတာလဲ လမင်း! "

"ခွေးလိုက်ကိုက်လို့တဲ့ "

"မင်းကို မမေးဘူး ဝဏ္ဏ ! "

မေးတာတစ်ယောက် ဖြေတာကတစ်ယောက် ။ 
မေးခံရတဲ့ တစ်ယောက်ကလည်း ကိုယ်မေးမှ မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်နေတာ ပါးစပ်က ဟ မလာတော့ဘူး။

ရင်ဘတ်ထဲ ဆိုင်ကလုန်း ဝင်မွှေနေတာ။ဒီလိုအချိန် အဲ့လို လာမကြည့်နဲ့ ချစ်ဖို့ကောင်းမနေဘူး။ ကိုင်ပေါက်ချင်တယ်။
ဘာလို့ ကိုယ်မဟုတ်တဲ့သူကို အားကိုးနေရတာလည်း။
ဒီ အသေးလေး စိတ်ရှိလက်ရှိ ဆွဲခါလိုက်ရ ပြုတ်ထွက်ကုန်တော့မယ်။

" မေးနေတယ် ! "

"အိုက်လျှမ်း ကျန်ခဲ့တယ် ~~~"

နောက်တစ်ခါမေးမှ ဖြေလာတဲ့ အသံလေးက တိုးတိုးလေး။
ဒါကို ခန့်စေအရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ပေါ်က သန့်စင်ထွန်းမှာ
ပြူးပြူးပြာပြာ ။

"ဘာ..! ဘယ်နားမှာလည်း ကိုလမင်း "

" ငါက ဒီမှာ !!"

မာလကာသီး နှစ်လုံးကို ကိုင်ကာ မျက်စောင်းကြီးနဲ့ ရပ်ကြည့်နေတဲ့
ဟန်လျှမ်း ကို မြင်မှ ခန့်စေ ရင်ခွင်ထဲက လမင်းမှာ သူ့သူငယ်ချင်းဆီ ပြေးတော့သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Tempat cerita menjadi hidup. Temukan sekarang